တီးတောင်!!!တီးတောင်!!!တီးတောင်
မနက်စာကို ကော်ဖီခါးခါးတခွက်ရယ် ပေါင်မုန့်မီးကင်ကို ထောပတ်သုတ်ပြီး စားဖို့ ပြင်နေတုန်းခြံတံခါးတီးသံကြောင့် ဆရာjeon,မျက်မှောင်ကျုတ်လိုက်သည်။စောစောစီးစီးဘယ်သူတုန်း။
တီးတောင်!!!တီး!!!!
အဆက်မပြတ်ဘဲလ် တီးသံကြောင့် စားစရာတွေကို အုပ်ဆောင်းနှင်အုပ်ထားခဲ့ပြီး ထွက်ကြည့်လိုက်သည်။မထွက်လာရင်လည်း ဘဲလ်က ပျက်တော့မယ်လေ။ဒီလောက်တီးနေတာ ။အရေးကြီးဧည့်သည်များလားလို့ ထွက်ကြည့်လိုက်ပေမယ့် ခြံတံခါး သံတိုင်တွေကြားခေါင်းလေးပြူပြီး အိမ်ထဲတောင်မြောက်ချောင်းကြည့်နေတဲ့ အဆိုးပေလေးjiminဖြစ်နေသည်။သူ့ကိုတွေ့တော့ ရှိသမျှသွားတွေအကုန်ပေါ်တဲ့အထိရယ်ပြလေရဲ့။ဒီခလေး ဘာလာမွှေပြန်တာတုန်း။
*ဘာလဲ....*
*ဟီး..ဆရာjeon..*
*အေး..ငါဘဲ....*
*ဟာ..ဆရာjeon ...ကလည်း စောစောစီးစီး ဘာတွေဒေါသထွက်နေတာလဲ...*
*မင်းကရော..စောစောစီးစီး ဘာကိစ္စ..*
*ဒီကိစ္စလေ...*
မေးလိုက်တော့ လက်ထဲပွေ့ပိုက်ထားတဲ့စာအုပ်တွေကိုမြှောက်ပြသည်။ဘာလဲ စာတန်းပြုစုဖို့များလား ဒီလောက်အများကြီး...
*ဘာလဲ စာအုပ်က...*
*ဟင်း..ဆရာjeon,ကလည်း စာအုပ်ပြမှတော့ စာလုပ်ဖို့ပေါ့...*
*စာလုပ်တာ မင်းအိမ်မှာလုပ်ပါလား..ဘာလို့ ငါ့အိမ်ရှေ့ဘဲလ်လာတီးနေတာ...*
*အိမ်မှာလုပ်လို့မရလို့ပေါ့...*
*ဘာလို့လဲ ..ထူးထူးဆန်းဆန်းစာလုပ်လို့ မင်းအဖေက မောင်းထုတ်လို့လား...*
*အာ..ပေါက်ကရဗျာ...စာမရလို့...အာ့ကြောင့် ဆရာjeon,ကိူ လာမေးတာ...ဟီး....*
*ဘယ်ရမလဲ စာသင်ရင် အိပ်နေတာကို...*
*ကဲပါ ဗျာ ..စကားများနေမယ့်အတူတူ တံခါးလေးဖွင့်ပေးပါနော်..တကယ် စာမရလို့ပါ...စာမေးပွဲကျရင် ဖေဖေက အသေသတ်မှာ.....*
ချက်ချင်းဆိုသလို ငြိုးကျသွားတဲ့မျက်နှာ။လုံးဝ အကယ်ဒမီရှော့ခ်....
ဩဇီရောက်နေတဲ့ ဖေဖေကြားရင်တော့ သွေးတက်လိုက်မယ့်ဖြစ်ခြင်း။ဆူတာတောင် ကြာကြာမဆူတဲ့ဖေဖေက ရိုက်ဖိူ့ဆိုတာဝေလာဝေး။ဒါပေမယ့်လည်း မတက်နိုင်ဘူးလေ။အိမ်ထဲဝင်ချင်ေတာ့ လည်းမူယာမာယာတော့သုံးရမှာပေါ့ ။