အပိုင်းတစ်ဆယ့်သုံး

2.4K 211 15
                                    

နေဝင်တရော ညနေစောင်းနဲ့အတူ သူ သည်လည်း coffeeဆိုင်ထဲကနေ ပြေးထွက်လာခဲ့တာ ဘယ်နေရာရောက်နေမှန်းမသိတော့ဘူး။နောက်ဆုံး ခြေထောက်တွေ ထုံကျင်လာမှ သာ ပြေးတာကို ရပ်နားလိုက်သည်။ထို့နောက် သတိဝင်လာလို့ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ကစားတစ်ခုရဲ့ အရှေ့ကို ရောက်နေသည်။
ထို့ကြောင့်လည်း လူသိပ်မရှိတဲ့ ကစားကွင်းထဲက ထိုင်ခုံလေးမှာ ဝင်ထိုင်လိုက်သည်။

နိမ့်ချည်မြင့်ချည် ဖြစ်နေတဲ့ ရင်ဘက်က သူ ဘယ်လောက်ထိ ပြေးထားလဲ ဆိုတာ သက်သေပြနေသည်။‌ဖြူဖွေးဖွေး အင်္ကျီလေးက အခုတော့ ချွေးတွေရွှဲနေပြီ။နားကြားမှားတာပါလို့လည်း တစ်လမ်းလုံး ဆုတောင်းလာမိတာ။
ဒါပေမယ့်လည်း နားထဲ ပဲ့တင်သံထပ်နေတဲ့ လူကြီးရဲ့စကားသံက အခုချိန်ထိ ကြားနေရတုန်း

/စေ့စပ်ထားပြီးသားလေ/
/စေ့စပ်ထားပြီးသားလေ/
/စေ့စပ်ထားပြီးသားလေ/

အား!!!!!!!!

တွေးနေရင်း ရင်ထဲတင်းကျပ်မှုနဲ့အတူမျက်ရည်များပါ ကျဆင်းလာခဲ့သည်။မေမေ ဆုံးပြီး မှ ပထမဆုံးအကြိမ် မျက်ရည်ကျခြင်းသာ။
လူအများအမြင်မှာ အကြောတင်းလေးးလို့ ထင်ခံနေရလို့ ဘယ်တော့မှ မျက်ရည်မကျအောင်နေခဲ့တာ။အခု ဘာမဟုတ်တဲ့ စကားတစ်ခွန်းက သူ့ကို မျက်ရည်ကျစေတယ်ဆိုတာ jiminကိုယ့်ကို ကိုယ် အံ့ ဩနေမိသည်။
သူ တကယ်ဘဲ လူကြီးအပေါ် မေတ္တာ ရှိနေတာလား။

ခုံတန်းပေါ်မှာခါးကို ကိုင်းကာ မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ရင်း တယောက်ထဲ အတွေးကမ္ဘာထဲ ရောက်နေမိသည် ။ဒီခံစားချက်ကြီးက သူကဘဲ တဖက်သက်ဆန်နေတာပါ။လူကြီးကသူ့ကို တပည့်တယောက်လို မြင်နေတာလဲ ဖြစ်ချင်ဖြစ်လိမ့်မယ်။

ဒါဆို ဒီမနက် အိမ်ပြန်သွားတာ လူကြီးရဲ့ စေ့စပ်ထားတဲ့သူနဲ့ သွားတွေ့တာပေါ့။
အဟား...မင်းတော့ တကယ်ကို ရူးလိုက်ပါ့ park jiminရယ်။ ပိုင်ရှင်ရှိပြီးသား လူတယောက်ကို ခံစားချက်ရှိနေတာ ဘယ်လောက်တောင် အရှက်မဲ့လိုက်သလဲ။

တော်သေးတာပေါ့ သူ့ ခံစားချက်တွေ ထုတ်ဖော်မပြရသေးတာ။မဟုတ်ရင် ဒီထက်တောင် အရှက်ကွဲမှာ။

Can take My Heart(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ