*သား ရယ်...ဘယ်တွေများသွားနေလို့ ဒီရက်ပိုင်းဆက်သွယ်လို့မရတာလဲ....ဖုန်းလည်းဆက်မရ ။အိမ်မှာလည်း မရှိနဲ့ သမီးMeryလေးက ဘယ်လောင်တောင်စိတ်ပူနေလဲသိလား*
အိမ်ထဲဝင်ဝင်ခြင်း မေမေက နောက်ဖေး မီးဖိုချောင်ဘက်ကို ဆွဲခေါ်ကာ မေးခွန်းတွေဆက်တိုက်မေးလေသည်။စိတ်ပူတယ်ဆိုတာ သူ့ကို ဟုတ်ရဲ့လား။စေ့စပ်ပွဲ ပျက်သွားမှာကို စိတ်ပူတာမဟုတ်လား။ထုတ်မပြောပေမယ့် လည်း jeonကအေဖြကို သိနေတယ်လေ။ဒါပေမယ့်လည်း မျက်နှာထက်အပြုံးတစ်ပွင့်ဆင်ကာ မုသားသုံးလိုက်သည်။
*သား ကျောင်းက မိတ်ဆွေတွေနဲ့ ခရီးထွက်သွားလို့ပါ။နောက်ပြီး အဲ့ဘက်က ဖုန်းလိုင်းမမိ ဘူးလေ*
*ဒါဆိုလည်း ကြိုပြောသွားပေါ့ သားရယ်။မေမေတို့မှာ ဗျာများနေရတာ*
*တောင်းပန်ပါတယ် မေမေ...စိတ်ပူစေမိလို့။ရုတ်တရက် သွားလိုက်ရလို့ မပြောမှီလိုက်တာပါ*
*တော်ပြီလေ မေကြီးရယ်..အခုသားလည်းပြန်ရောက်နေပြီကို ..ဟိုမှာ ဧည့်သည်တွေရောက်နေပြီ*
Jeon.နဲ့ မေမေတို့ တီးတိုးပြောနေတဲ့အချိန် ဖေဖေကသတိပေးလာဧ။်။ဧည့်ခန်းထဲမှာတော့ လူကြီးအစုံအလင်ပေါ့။Mery ကjeonကိုမြင်တော့ မူပိုင်အပြုံးလေးနဲ့ ဖွေ့ဖတ်နှုတ်ဆက်သည်။jeonသည်လည်း အများမမြင်မှာ ယဉ်ကျေးမှုမရှိတဲ့ သူလို့ထင်မှာဆိုးလို့Meryမိဘတွေကို ဦးညွှတ်နှုတ်ဆက်လိုက်သည် ။အပေါ်ယံတွေကို လိုက်လျောရတာ တကယ် စိတ်ပင်ပန်းတယ်။
*စိတ်ပူနေတာ jeon.ရယ်....နောင်တစ်ခါ ဘယ်သွားသွား Meryကိုတော့ ပြောသွားပါနော်*
*အင်း*
*ကဲ ကဲ....နှစ်ဖက်မိဘလည်းစုံတယ်။လူကြီးတွေလည်း ရှိနေပြီဆိုတော့ စေ့စပ်ပွဲကို စလိုက်ကြမလား*
*ကောင်းတာပေါ့ ရှင်*
Jeon.မေမေက တော့jeonထက်တောင်ပျော်နေသေးသည်။ေနာက် ပြီး မေမေက ကတီပါ အနီရောင် ဗူးလေးကို စားပွဲခုံပေါ်တင်လိုက်သည်။စေ့စပ်လက်စွပ်ထင်၏။ဘယ်အချိန်က မှာလိုက်မှန်းတောင် jeonမသိဘူး။jeonထင်တာက ရိုးရိုးလေးဘဲ နှစ်ဖက်မိဘ အသိပေးရုံနဲ့ စေ့စပ်ပွဲကပြီးပြီထင်တာ။အခု လက်စွပ်ကို ဝတ်ရမယ်ဆိုတော့ ရင်ထဲ တင်းကြပ်လာသည်။ဒါက ပိုင်ရှင်ရှိနေတယ်ဆိုတာကို အသိပေးပြီးသားသဘောလေ။ချည်ပြီး တုတ်ပြီး တခါထဲ အပိုင်တွက်လိုက်တာဘဲ။