နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေရာကနေ Tentအပြင်ဘက်က နေရောင်က အတွင်းထဲထိ ထိုးဖောက်လာတော့ ဆက်အိပ်ဖို့က မဖြစ်နိုင်တော့ဘူး။ေခါင်းရင်းနားက ဖုန်းကို လိုက်စမ်းရင်း နာရီကို ကြည့်လိုက်ေတာ့ ၈နာရီ။တော်တော် အိပ်လိုက်တာဘဲ။
မျက်လုံးတွေကို အတင်းကာရော ဖွင့်လိုက်တော့ နေရောင်ခြည်က စူးခနဲဘဲ။ဦးေခါင်းကလည်း အနည်းငယ်ထုံထိုင်းနေသည်။ညက အကျိူးတွေပေါ့။ဒီလောက်လေး သောက်တာကို ဘာလို့ ခေါင်းက မူးနေရတာလဲ စဉ်းစားမရဘူး။တဆက်ထဲဆိုသလို ညက အဖြစ်ပျက်တွေကjiminမျက်လုံးထဲ ရုပ်ရှင်ပြကွက်လို မြင်ယောင်လာသည်။လူကြီးက သူ့ကို ကျောပိုးပြီးခေါ်လာတာကို သူသိတာပေါ့။jiminရဲ့ ဝင်လေထွက်လေ အသက်ရှုသံက လူကြီးရဲ့ ဂုတ်တွေဆီ ရိုက်ခက်လိုက်တော့jiminတယောက် အမူးတောင်ပြေချင်သွားသည်။ဒါပေမယ့်လည်း ဆက်လက် ဟန်ဆောင်ရင်း Tentထိရောက်အောင် ငြိမ်ငြိမ်လေးပါလာခဲ့သည်။ရောက်ရောက်ခြင်းဘဲ ပစ်ချလိုက်ေတာ လူက အီစိမ့်သွားတာဘဲ။ဖင်ညှောင့်ရိုး မကျိုးတာကံကောင်း။သဘောကောင်းပါတယ်ဆိုပြီး တွေးထားသမျှ ပြန်နှုတ်လိုက်သည်။နောက်ပြီး လူကြီးပြန်ဝင်လာတာကိုလည်း သူသိသည်။ဒါကြောင့် အိပ်ချင်ယောင်ဆောင်နေရင်းသာ ရင်ခွင်ထဲ အတင်းတိုးဝင် အိပ်စက်ခဲ့သည်။