တေးသံငြိမ့်ငြိမ့်လေးဖွင့်ထားတဲ့ကော်ဖီဆိုင်လေး၏ထောင့်ကျကျစားပွဲဝိုင်းမှာထိုင်နေသူနှစ်ဦး။
မှာထားတဲ့ကိတ်မုန့်တွေကိုဇွန်းသေးသေးနဲ့ဖဲ့နေပေမယ့်မစားဖြစ်သေးပေ။
ဘယ်နေရာကနေ စပြီးစကားလှမ်းရမှန်းမသိတာကြောင့် တယောက်မျက်နှာတယောက်ကြည့်ရင်းသာ ပြုံးနေကြသည်။သေချာပေါက်တော့ပြောစရာရှိတယ်။Jeonသည်လည်းဆုံးဖြတ်ချက်ကိုရဲဝံ့စွာချပြီးနောက်Meryနဲ့တွေ့ဆုံပြီးပြောပြဖို့ဒီကို ရောက်နေခဲ့တာ။ဒါပေမယ့် Meryကတော့ jeonနဲ့ဆန့်ကျင်ဘက်ပါဘဲ။မကြာခင်မှာရောက်ရှိလာတော့မယ့် မင်္ဂလာပွဲအတွက်လိုအပ်တာတွေကိုထပ်မံပြီးဝယ်ယူဖို့ပြောချင်လို့ရောက်လာတာပါ။
ဘာလို့လဲဆိုတော့ jeonနဲ့မတွေ့ရတာ အတော်ကြာပြီလေ။သူ(မ)ကလည်းdutyတွေဆက်နေတာကြောင့် မဆက်သွယ်ဖြစ်ခဲ့ပေ။
*ဟို..jeon..*
*ငါ အရင်ပြောမယ် Mery.*
ဘယ်သူမှစကားမစတဲ့အဆုံးသူ(မ)က အရင်မေးလိုက်တော့ jeonက စကားဖြတ်ပြောသည်။ထို့ကြောင့် သူ(မ)ကလည်း ပြောလေဆိုတဲ့ သဘောမျိုးနဲ့ခေါင်းငြိမ့်ပြလိုက်သည်။
*အရင်ဆုံး ငါတောင်းပန်ပါရစေ.*
*ဟင်.!*
တကယ့်ကိုအံ့ဩစရာပါဘဲ။jeonကလေ...တောင်းပန်တယ်တဲ့လား။ဘယ်သောအခါမှ အမှားမလုပ်တက်တဲ့ jeonကအခုဘာတွေများလုပ်ထားလို့ ကြိုတင်ပြီးတော့တောင်းပန်ရတာလဲ။
*ဘာအတွက်လဲ jeon.*
*ငါ...ငါ..*
*အင်း.*
လည်ချောင်းဝမှာ တစ်ဆို့နေတဲ့စကားလုံးတွေက ထွက်ကျမလာခဲ့ဘူး။Meryကိုလည်း အတော်လေးအားနာရတယ်။ဒါပေမယ့် သူ ဒီလိုဘဲဆက်ပြီးတွေဝေနေရင် နောက်ဆိုပိုပြီးရှုပ်ထွေးလာမှာဆိုးလို့ အသက်ကိုဝဝ ရှုပြီး အားယူကာ စကားစကို ဆက်လိုက်သည်။
*စေ့စပ်ပွဲကို ဖျက်ရအောင်.*
*.....*
သူ(မ) ဘာကိုမှမပြောနိုင်ရှာတော့ဘူး။သူ(မ)ကြားချင်တာ ဒီစကားမှမဟုတ်တာ။jeonကတော့လေ သူ့ကိုနောက်နေပြန်ပြီ