*Jimin. မင်းဘာတွေလုပ်နေလဲ.*အိမ်ထဲကိုဒေါသတကြီးဝင်လာတဲ့ဆရာjeon.
Jiminကတော့ ဂရုမစိုက်တဲ့ပုံစံနဲ့ ဆိုဖာပေါ်မှာခြေကားယားထိုင်ကာ ဆေးလိပ်ကိုအေးအေးဆေးဆေးသောက်နေသည် ။တကယ့်ကိုပျက်စီးနေတာဘဲ။*မင်း မနေ့ကရန်ဖြစ်တယ်ဆို.*
*သူတို့အရင်လာစလို့လေ.*
မျက်ခုံးပေါ်က အနာကပ်ပလာစတာကသက်သေဘဲ။ကောင်လေးရဲ့ အဖေက သူ့ဖုန်းနံပါတ်ကိုကျောင်းကနေတောင်းပြီးတော့သူ့ဆီကိုဆက်သွယ်ခဲ့တယ်။
ဒီေကာင်လေး အခုတလောခြေလှမ်းတွေပျက်နေတယ်တဲ့။ဖုန်းဆက်ရင်လည်းမကိုင်ဘူး။
ဘာတွေလုပ်နေလဲဆိုတာ သိချင်လို့ သူ့ကိုအကူညီလှမ်းတောင်းတယ်။ဒါကြောင့်ဘဲ သူလည်းစုံစမ်းကြည့်လိုက်တော့ အပေါင်းသင်းတစ်စုနဲ့barကိုအိမ်လိုမှတ်ပြီးနေနေတာတဲ့လေ။အခုတခါ ရန်ပါဖြစ်ခဲ့သေးတယ်။
လိမ္မာပါတယ်လို့သူတွေးထားသမျှအခုတော့အလကားဘဲ။ကောင်လေး အတော်လေးကိုဆိုးလာတယ်။
*မင်း မျက်နှာကိုလည်းကြည့်အုန်း ပန်ဒါရုပ်ပေါက်နေပြီ.*
အိမ်ရှေ့ခန်းထဲမှာ မုန့်ခွံတွေဘီယာခွံတွေကမွစာကိုကျဲလို့။ဆေးလိပ်မီးခိုးအနံကလည်း တခန်းလုံးကိုမွန်ထူနေရော။
*ဘာ လုပ်တာလဲ.*
Jeonပြောတာကိုဂရုမစိုက်ဘဲနဲ့ ကောင်လေးကဆေးလိပ်ကိုဘဲအတင်းသောက်နေတာ။ထို့ကြောင့် စိတ်မရှည်တဲ့အဆုံး ကောင်လေးပါးစပ်ထဲကဆေးလိပ်ကိုဆွဲယူပြီးပြတင်းပေါက်ကနေ လွင့်ပစ်လိုက်တယ်။
*လူကြီးက စကားပြောနေရင် နားထောင်ရမှာမဟုတ်ဘူးလား.*
*အခုလည်း နားထောင်နေတာဘဲလေ.*
*Jimin.!*
သူ့စကားတွေကိုခွန်းတုန့်ပြန်နေတဲ့ကောင်လေးကို သူအတော်လေးစိတ်မရှည်တော့ဘူး။
အခုလည်းကောင်လေးနာမည်ကိုခေါ်လိုက်တော့ သူ့ကိုမျက်လုံးလေးဝေ့ပြီးကြည့်လာတယ်။*လူကြီးကရော ဘာကိစ္စလဲ.*
*မင်းအဖေကို ဖုန်းဆက်လိုက်အုန်း။သူ စိတ်ပူနေတယ်.*