!!!Maybe were perfect stranger.
Maybe it's not forever.Maybe intellect will change us maybe we'll stay together....!!!တိတ်ဆိတ်နေတဲ့ ညလယ်ကို ဖြိုခွင်းလိုက်တဲ့သီချင်းအသံ။လူခြေတိတ်ချိန်ဖြစ်တာကြောင့် သာမာန်ထက် ပိုကျယ်လောင်နေသည်။ဆရာjeonတယောက် မှေးခနဲ အိပ်ပျော်သွားရုံဘဲရှိသေး။သီချင်းသံကြောင့် လန့်နိုးလာသည်။ဘယ်သူကများအလိုက်မသိ ဆိုနေတာလဲ။အိပ်ချိန်ဆိုတာ နားမလည်တာလား။ခြေရင်းက တိုင်ကပ်နာရီကိုလှမ်းကြည့်လိုက်တော့မနက်၁နာရီကိုညွှန်ပြနေသည်။
မနက်ဖြန်ကျောင်းပိတ်ရက်ဖြစ်တာကြောင့် အေးအေးဆေးဆေးစာဖတ်နေလိုက်တာ၁၂နာရီလောက်ထိ ဖြစ်သွားသည်။အပြည့်ဝ အနားယူမယ်လို့ စိတ်ထဲ ကျိန်းထားပြီး အိပ်ရုံဘဲရှိသေး အလိုက်မသိတဲ့ သူတွေကြောင့် ဒေါသထွက်ရပြန်ပြီ။
မရပ်မနားသီဆိုနေတဲ့သီချင်းသံကြောင့်ပိတ်ထားတဲ့နားနှစ်ဖတ်အပေါ်က ခေါင်းအုံးကို ဖယ်ပြီး အပြင်ထွက်လာလိုက်သည်။jeon အိမ်ရှေ့
လမ်းမီးတိုင်ဝါကျင်ကျင် ရဲ့အောက် အုတ်ခုံအပေါ်မှာ ထိုင်ပြီးဆိုနေကြတာ တခြားသူတွေတော့ မဟူတ်ဘူး အဆိုးအပေလေးjiminသာ။သူငယ်ချင်းတွေလို့ထင်ရတဲ့လူငယ်တွေ၃ယောက်နဲ့ ဆိုနေလိုက်တာများ ပွဲရောက်နေသလားအောက်မေ့ရတယ်။နေပါအုန်း ဒီကောင်လေးကို ဒီအနီးမှာဘဲ တွေ့နေရတာ ဘယ်နားမှာနေလို့ပါလိမ့်။အော်ငေါက်ပြီးပြောချင်ပေမယ့် ဆရာ တပည့် အနေအထားဆိုတော့ သိပ်လဲမရင်းနှီးသေးဘူး။ဒါကြောင့် ဘယ်အချိန်ထိ ပြီးမလဲသာ လသာဆောင်အပေါ်က လက်ပိုက်ပြီးသာ ကြည့်နေလိုက်သည်။နောက်ရက်တွေ့ရင်ဆူပစ်အူးမယ်။_____
*Jimin,ဟိုမှာ မင်းဆရာ ကြည့်နေတယ်*
*ကြည့်ပါစေ ပေါ့...တမင်ကြည့်အောင် လာဆိုတာ..*
*ဇွတ် ဆိုမနေနဲ့ ရက်ကွက်က ဝိုင်းရိုက်ရင် ပြေးပေါက်မလွတ်ဘဲနေမယ်..*
*ငါ ဘယ်သူလဲ...jiminပါ...ငါ့အကြောင်းမသိတာလဲ မဟုတ်ဘဲနဲ့...*
*သိတယ်..သိလို့ပြောနေတာ...ပြဿနာကို မီးထွန်းမရှာပါနဲ့ ကွာနော်....ပြန်ကြရအောင်...မင်းဆရာကိုလည်း တွေ့ပြီးပြီ ဆိုတော့ ငါ့တို့လစ်တော့မယ်..*