မနက်ငါးနာရီသာရှိသေးတာမို့ မြို့ပြတခုလုံး မီးရောင်တွေသာထိန်လင်းနေသည်။jeonသည်လည်း အမြန်လမ်းလေးအတိုင်းကားလေးကိုပုံမှန်အတိုင်းမောင်းနှင်လာသည်။စောစောထွက်မှ နေမပူခင် jejuကိုရောက်မှာလေ။Soulကနေjeju-doကို 8နာရီကြာမောင်းရတာဆိုတော့ အခုနေထွက်မှ ဟိုကို နေ့လည်လောက်မှရောက်မှာ။jeonတယောက်ထဲလို့ တော့ မထင်ပါနဲ့။ဘေးနားမှာတော့ ကလေးတယောက်လို အပူပင်ကင်းစွာအိပ်ပျော်နေတဲ့jiminလေးလည်း ပါလာခဲ့သည်။မနေ့ညနေက Jeon ဆိုင်ကနေ ပြန်လာတဲ့ တလျောက်လုံးjinဆက်တိုက်ဖုန်းတွေခေါ်နေတာ။တခြားမဟုတ်ဘူး ကောင်လေးကို ခေါ်သွားဖို့ဘဲ။သူက ဒီလောက် နှလုံ့းသားမဲ့ တဲ့သူမဟူတ်ပါဘူး။
မဟုတ်လည်း ခေါ်သွားဖို့ စဉ်းစားထားပြီးသားပါ။
ဒီလိုနဲ့ဘဲ jeonတယောက် jiminအိမ်ကို ညတွင်းချင်းရောက်လာပြီး ညနေကစကားလွန်သွားတာကို ချော့ရင်းနဲ့ ခရီးတိုကို လိုက်ခဲ့ဖို့ သွားခေါ်ခဲ့သည်။ငြင်းရှာပါတယ် ကောင်လေးက။၅မိနစ်နဲ့ အထုတ်တထုတ်ပြင်လို့ ပြီးတော့ ဆရာjeonအိမ်မှာဘဲ လိုက်အိမ်မယ်ဆိုပြီး အရှေ့ကနေ ထွက်သွားလိုက်တာ ဖမ်းလို့တောင် မမိတော့ဘူး။မနက်စောစော မနိူးမှာဆိုးလို့ပါတဲ့။ကောင်ငယ်လေးရဲ့ အကြောင်းပြချက်ပါ။တညလုံးလည်း တော်ရုံနဲ့ မအိပ်ဘဲ ရုပ်ရှင်ကြည့်နေခဲ့တာ။တော်တော်လေး ညည့်နက်လာတော့ နှစ်ယောက်သား တယောက်တခန်းဆီဝင်ကာ အိပ်စက်ကြတော့သည်။
ဝေလီဝေလင်းရောက်တော့jeonကအဆင့်သင့်ဖြစ်နေပြီ။jiminရဲ့ အခန်းတံခါးကို ခေါက်ပြီးနိုးနေပေမယ့် တော်ရုံနဲ့ နိုးမလာခဲ့ချေ။ဆင်လာရင်တောင် သိပါ့မလား။
မထူးတော့တဲ့အဆုံး တံခါးလက်ကိုင်ကို ကိုယ်တိုင်လှည့်ကာ ဖွင့်ပြီးဝင်သွားခဲ့သည်။တံခါးက လော့ခ် မချထားဘူး။၃ခါလောက်ဆက်တိုက်နိုးတော့မှ အိပ်မှုန်စုတ်ပွားထလာသည်။မျက်လုံးတို့က ပွင့်မလာခဲ့ပါ။
နောက်ဆုံးတော့ မျက်နှာမသစ် အဝတ်မလဲဘဲနဲ့ ညအိပ်ဝတ်စုံ အဝါေရာင်ဝမ်းဆက်နဲ့ ကောင်ငယ်လေးက သူ့ကားပေါ် ပါလာခဲ့တော့သည်။တကယ့် အိပ်ပုတ်လေး။*အင်း...အင်း....အီး...ယားး*
အိပ်ရေးဝလို့ထင်၏။အကြောဆန့်ကာ နိုးထလာခဲ့သည်။သူ့ကို ရောင်းစားရင်တောင် ဒီကောင်လေးသိပါ့မလား။