*အဆင်ပြေရဲ့လား jeon.*ကုတင်ပေါ်မှာjimin၏လက်ကလေးကိုကိုင်ကာမှိုင်တွေနေတဲ့jeonကို မေးလိုက်ေတာ့အသက်မပါတဲ့အပြုံးလေးနဲ့ခေါင်းခါပြသည် ။
Jinလည်းသက်ပြင်းချရုံကလွဲရင်ဘာပြောရမှန်းမသိတော့ဘူး။သတင်းကြားကြားချင်းဘဲ jinလည်းဆိုင်ကနေ ထွက်လာခဲ့လိုက်တာ။ဒီရောက်တော့jiminကလည်းမေ့နေသလို jeonရဲ့လက်မှာလည်းသွေးတွေကမြင်လို့မကောင်းဘူး။မိသားစုဆရာဝန်လာတော့ jiminကိုဆေးတလုံးချိတ်ပေးသွားသည်။အားနည်းလို့မူးလဲသွားတာ စိုးရိမ်စရာမရှိဘူးဆိုတော့မှ သူလည်းစ်ိတ်သက်သာရာရသွားသည်။ဒါပေမယ့် jeonကတော့ အားအင်တွေကုန်ခမ်းသလိုမျိုးဘာမှလည်းမပြောဘဲနဲ့ jiminကိုဘဲကြည့်နေသည်။
*မင်း အနားယူလိုက်ပါလား။ငါ jiminကိုစောင့်နေပေးမယ်လေ.*
*ရတယ်..သတိရလာလို့ ငါ့ကိုမတွေ့ရင်စိတ်မကောင်းဖြစ်နေမယ်.*
*ဒါဆိုလည်း မင်းစားဖို့တခုခုလုပ်ပေးမယ်..*
*အင်း.*
Jiminကိုဘယ်လောက်စိတ်ပူနေသလဲဆိုတာသိပေမယ့် jeonကတော့ပြိုလဲသွားလို့မဖြစ်ဘူးလေ။ ထို့ကြောင့်jinလည်းအောက်ထပ်ကိုဆင်းကာစွပ်ပြုတ်လေးတခွက်ကိုပြင်ဆင်ပေးဖို့စီစဉ်လိုက်သည်။
*Jimin...မြန်မြန်သတိရလာတော့နော်..ကိုယ်အရမ်းစိတ်ပူလို့ပါ.*
Jiminဧ။်လက်ချောင်းဖောင်းဖောင်းလေးကို အမြတ်တနိုးနမ်းရှိုက်ရင်းjeonက တကိုယ်တည်းရွတ်ဆိုနေသည်။နဖူးပြင်ကိုစမ်းလိုက် ပါးပြင်လေးကိုနမ်းလိုက်ဖြင့်လည်း အလုပ်ရှုပ်နေပြန်သည်။
သူ့လက်ကဒဏ်ရာကိုမမှုပါဘဲနဲ့ သတိမရလာသေးတဲ့ကောင်လေးကိုသာ တစိမ့်စိမ့်ကြည့်နေမိသည်။ခဏလေးဆိုပေမယ့် သူ့ရင်ထဲပြောမပြတက်အောင်စို့နစ်လွန်းသည်။*ရော့ စွပ်ပြုတ်လေးပူတုန်းသောက်လိုက်အုန်း.*
*ကျေးဇူးဘဲ jin *
အငွေးတထောင်းထောင်းထနေတဲ့စွပ်ပြုတ်တပန်းကန်ကိုjinက သူ့အရှေ့ကိုချပေးသည်။ဆာလောင်နေတဲ့ ဗိုက်ကအသံတွေမြည်ဟည်းနေပေမယ့် သူစားမဝင်ခဲ့ဘူး။
ဟင်းရည်ကိုဇွန်းနဲ့ ဟိုခပ်ဒီခပ်လုပ်နေတဲ့သူ့ကိုjinက စုတ်တချက်သက်ရင်းကြည့်လာသည်။