💕 One

15K 770 29
                                    

✍️ Unicode

" မင်္ဂလာပါဆရာ… "

" မင်္ဂလာပါခင်ဗျာ… "

ကျောင်းဝင်းထဲကိုအပြေးဝင်လာတဲ့ကလေးတွေကလက်အုပ်လေးတွေချီရင်းနှုတ်ဆက်တော့ ငြိမ်းချမ်း‌လည်းလက်အုပ်လေးချီကာ ပြန်နှုတ်ဆက်ဖြစ်သည်။ပြုံးပြနှုတ်ဆက်သွားတဲ့ကလေးတွေကိုကြည်နူးစိတ်နဲ့ကြည့်ရင်း ငြိမ်းချမ်းရင်ထဲမှာအတိုင်းအဆမရှိပီတိဖြစ်နေမိပြန်သည်။

စာသင်ကျောင်းကလေး။တိတိကျကျပြောရရင် ငြိမ်းချမ်းကြီးပြင်းလာခဲ့တဲ့ငြိမ်းချမ်းတို့ရွာကလေးရဲ့စာသင်ကျောင်းကလေး။

ကျောင်းဆရာမရှိလို့ဆရာတော်ကသေစာရှင်စာသင်ပေးရာကနေ ကျောင်းအုပ်ဆရာဆိုသူတစ်ယောက်ရောက်လာမှ ခေတ်အတန်းပညာကိုသင်ခဲ့ရတဲ့စာသင်ကျောင်းကလေး။

ငြိမ်းချမ်းတို့ကဆရာကြီးလို့ခေါ်တဲ့ ကျောင်းအုပ်ဆရာကြီးက အတန်းတွေမခွဲဘဲ ငြိမ်းချမ်းတို့တတွေကိုစုကာ စာသင်ပေးခဲ့တဲ့ကျောင်းကလေး။

အတန်းခွဲရအောင်ကလည်း တစ်ကျောင်းလုံးကျောင်းသားက ရှိလှမှဆယ့်လေးငါးယောက်အလွန်ဆုံးကိုး။

အခုငြိမ်းချမ်းရောက်လာတော့မှ ဆရာနှစ်ယောက်ဖြစ်သွားပြီမို့ သူငယ်တန်း၊ပထမတန်းစသည်ဖြင့်အတန်းလေးတွေခွဲကာ စာသင်ကျောင်းနဲ့တူလာပြီဖြစ်တဲ့ကျောင်းကလေး။

ဒါတောင်မှ ကျောင်းသူကျောင်းသားတွေက လေးငါးဆယ်ထက်မပိုသေးတဲ့ ရွာကျောင်းကလေး။

ဒီစာသင်ကျောင်းကလေးပါပဲ။ငြိမ်းချမ်းစာသင်ခဲ့ရတာလည်းဒီစာသင်ကျောင်းကလေးမှာပါပဲ။ဒီစာသင်ကျောင်းကလေးကနေ တက္ကသိုလ်အထိရောက်အောင်သွားခဲ့ရတာပါပဲ။

ဘယ်ကမှန်းမသိရွာကိုရောက်လာတဲ့မိန်းမတစ်ယောက်က ငြိမ်းချမ်းကိုမွေးပြီးစွန့်ပစ်ထားခဲ့တာမို့ ဆရာတော်ကနို့ဘူးတိုက်ပြီးမွေးခဲ့ရတဲ့ ငြိမ်းချမ်းငယ်ဘဝတွေကိုပြန်သတိမရချင်ပေမဲ့ ဒါကအမှန်ပဲဆိုတာတော့ ငြိမ်းချမ်းလက်မခံလို့မရ။

အဖေဆိုတာဘယ်သူမှန်းမသိ၊အမေဆိုတာဘယ်သူမှန်းမသိဘဲ ဆရာတော်သည်သာ ငြိမ်းချမ်းအဖေဖြစ်သလို ဆရာတော်သည်သာငြိမ်းချမ်းရဲ့အမေ။

💕 ချစ်သောအမောင်Where stories live. Discover now