" ထွက်သွားပေးလို့ရမလား… "
" ဘာကိုပြောတာလဲ "
" ဒီနားကနေ ကိုချမ်းဖယ်နေပေးလို့ပြောတာ "
တုန်ခါနေတဲ့ဘုဏ်းမိုရ်စကားက ရုတ်တရက်ပြောလိုက်တာမို့ ငြိမ်းချမ်း ဘာစကားမှပြန်မပြောနိုင်ခဲ့။ငြိမ်းချမ်းနဲ့ဘုဏ်းမိုရ်ရဲ့ရှေ့မှာရောက်နေသူတွေကလည်းတစ်ရွာလုံးနီးပါး။လူအုပ်ကြီးမှမနည်းမနော။ဒီလူတွေကို ငြိမ်းချမ်းတို့ကခေါ်ထားကြတာမဟုတ်ပါ။
ဘာ့ကြောင့်ရောက်လာကြတယ်ဆိုတာကိုလည်း ငြိမ်းချမ်းတို့မသိ။ငြိမ်းချမ်းနဲ့ဘုဏ်းမိုရ် စာသင်ကျောင်းအဝင်ကကုက္ကိုလ်ပင်အောက်မှာထိုင်ပြီး စကားပြောနေကြတုန်း တဖွဲဖွဲရောက်လာကြတဲ့သူတွေပင်။
ငြိမ်းချမ်းနဲ့ဘုဏ်းမိုရ်လည်း လူအုပ်ကြီးကိုကြည့်ကာ ဘယ်ကစပြောရမယ်မှန်းမသိသေး။ဒီအချိန်မှာပဲ ဘုဏ်းမိုရ်ကငြိမ်းချမ်းကိုသူ့အနားကဖယ်ခိုင်းခဲ့တာဖြစ်သည်။
" ထွက်မသွားပါဘူး အမောင့်အနားမှာငါအမြဲရှိနေမှာ၊ ဘယ်လိုအကြောင်းအရာ ဘယ်လိုပြဿနာမျိုးပဲဖြစ်ဖြစ် အမောင်နဲ့အတူတူရင်ဆိုင်သွားမှာ "
ငြိမ်းချမ်းရဲ့ ခပ်တိုးတိုးပြန်ဖြေသံအဆုံးမှာ အားလုံးကတိတ်ဆိတ်သွားပြန်သည်။ဘုရားပွဲပြီးတဲ့နေ့ည သူကြီးရောက်လာကတည်းက ငြိမ်းချမ်းတို့ဆီကို ကံကြမ္မာဆိုးကအလည်လာခဲ့တာဖြစ်သည်။
ဆိုင်းမဆင့်ဗုံမဆင့် ဒီရွာကထွက်သွားပေးနိုင်မလားလို့မေးခဲ့တဲ့ သူကြီးရဲ့စကားအဆုံးမှာ ဘုဏ်းမိုရ်ရောငြိမ်းချမ်းပါဘာမှပြန်မပြောနိုင်ဘဲ ဆွံ့အနေခဲ့ကြသည်။
" ဘာဖြစ်လို့လဲ… ကျွန်တော်ဘာအမှားတွေများလုပ်ခဲ့မိလို့လဲ၊ ကျွန်တော့်မှာဘာအပြစ်ရှိခဲ့လို့လဲ "
ဘုဏ်းမိုရ်ရဲ့အမေးစကားအဆုံးမှာ သူကြီးကခေါင်းကိုငုံ့သွားခဲ့သည်။ပြီးမှ ဖြေးဖြေးချင်းခေါင်းကိုပြန်မော့ကာ
" မင်းတို့နှစ်ယောက် ယောက်ျားချင်းကြိုက်နေကြတာအပြစ်ပေါ့၊ ဒါဂာ ကျိန်စာတစ်ခုခုမိတာပဲ၊ ဒီကျိန်စာဟာ ရွာကိုလာပတ်တက်မှာ စိုးရတယ် "
YOU ARE READING
💕 ချစ်သောအမောင်
Romanceနဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️ yawthawemaung နဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️
