" အရူး…… "
" ငါမရူးဘူး နင်တာရူးတာ "
" နင်ကမှ အရူး၊ နင်လည်းအရူး နင့်မယ့်အဲလည်းအရူး "
" အီး..... မရူးဘူး… ငါလည်းမရူးဘူး၊ ငါ့မယ့်အဲလည်းမရူးဘူး "
နှစ်တန်းခန်းဘက်ကရန်ဖြစ်သံနဲ့ငိုသံထွက်လာတာမို့ လေးတန်းကိုစာသင်နေတာခဏရပ်ကာ နှစ်တန်းခန်းဘက်ကို ငြိမ်းချမ်းကူးလာခဲ့လိုက်သည်။
ဘုဏ်းမိုရ်ကသုံးတန်းတွေကိုခေါ်ကာ ကျောင်းဝင်းထဲကကံ့ကော်ပင်အောက်မှာစာသွားသင်နေတာမို့ ကြားဟန်မတူ။
" ဟေ့… နှစ်ယောက်လုံးရပ်လိုက်စမ်း ဘယ်သူမှဆက်မပြောနဲ့တော့ "
" အီး… သူကစပြောတာဆရာလေး၊ သူကတမီးမယ့်အဲကိုရူးနေတာလို့ပြောတာ "
" ဟုတ်တယ်ဆရာလေး၊ တူ့မယ့်အဲကရူးနေတာ၊ ဒီနေ့တောင်ကြက်တွေဖမ်းတွားတာမြင်လိုက်တယ်၊ နတ်လုပ်ရမှာတဲ့ "
" ဟေ… "
" တမီး မယ့်အဲကရူးတာမဟုတ်ပါဘူး၊ နေမကောင်းဖြစ်တာပါဆရာလေးရဲ့၊ အီး ဟီး ဟီး......... "
" ဘာမှနေမကောင်းဖြစ်တာမဟုတ်ဘူး၊ မယ့်အဲပြောတာတော့ရူးတွားတာတဲ့ "
" ဟေ့… တော်တော့လို့ပြောနေတာမကြားဘူးလား တိတ်စမ်း၊ နောက်ထပ်ပြောရင်ရိုက်တော့မယ်နော်၊ နောက်ထပ်ဘယ်သူမှ ထွေးမရဲ့အမေကိုအရူးလို့မပြောရဘူး၊ ပြောရင်ပြောတဲ့သူကိုကြိမ်လုံးနဲ့ရိုက်မယ် "
ကလေးတွေငြိမ်သွားသည်။
" ကဲ… အားလုံးတိတ်တိတ်ဆိတ်ဆိတ်စာဖတ်နေကြ…၊ ဆူမနေကြနဲ့ ကြားလား "
" ကြားပါတယ်…… "
" လာသမီးထွေးမ… ဆရာလေးကိုပြောပြစမ်း၊ သမီးအမေဘယ်လိုဖြစ်တယ်ဆိုတာ ဆရာလေးကိုပြောပြစမ်းပါဦး "
ထွေးမတစ်ချက်ရှိုက်လိုက်သေးသည်။ပြီးမှ ပါးပြင်ပေါ်ကခြောက်စစမျက်ရည်တို့ကိုလက်ဖမိုးနဲ့သုတ်လိုက်ကာ
" မယ့်အဲနေမကောင်းတာလေးငါးရက်လောက်ရှိပြီဆရာလေး၊ တစ်ခါတစ်ခါတူပြောချင်တာတွေလျှောက်ပြောနေတာ၊ ဒါပေမဲ့ရူးတာမဟုတ်ပါဘူး၊ အီး ...... "
YOU ARE READING
💕 ချစ်သောအမောင်
عاطفيةနဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️ yawthawemaung နဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️
