✍️ Unicode
" ဖယ်စမ်းပါ…… "
မိသေးအမေဒေါ်မြတင်ဆီကထွက်လာတဲ့အသံကဆောင့်ဆောင့်အောင့်အောင့်နိုင်လှပေမဲ့ မကျေနပ်တဲ့အသံတော့မဟုတ်။
တစ်ကွက်တည်းသာရှိတဲ့မိသေးတို့လယ်ကွင်းထဲ ကောက်စိုက်ကြရာမှာ ငြိမ်းချမ်းနဲ့ဘုဏ်းမိုရ်ပါလာကူကြတာမို့ ဂုဏ်ယူနေဟန်ကတော့ ဒီအတိုင်းပေါ်လွင်လှသား။
ငြိမ်းချမ်းနဲ့ဘုဏ်းမိုရ်က ကောက်စိုက်တတ်တာတော့မဟုတ်ပါ။လယ်ကွက်ထဲမှာစိုက်လိုက်တဲ့စပါးပင်လေးတွေကို အတန်းလိုက်လေးတွေဖြစ်အောင် ပေတံနဲ့မျဉ်းပစ်သလို ဟိုဘက်လယ်ကန်သင်းနဲ့ဒီဘက်လယ်ကန်သင်းကြိုးဆွဲပေးရာမှာကူနေကြခြင်းပင်။
ဒါ့ကြောင့်ပဲလားတော့မသိ။ကောက်စိုက်ချင်တယ်ဆိုပြီး လယ်ကွက်ထဲဆင်းလာကာ လူကြီးတွေကြားထဲလိုက်ရှုပ်သလိုဖြစ်နေတဲ့ မိသေးကိုအော်လိုက်တဲ့အမေဒေါ်မြတင်အသံဟာ ထောင့်တောင့်တောင့်ဖြစ်နေပေမဲ့ ကျေတော့ကျေနပ်နေသလိုလို။
" ကဲကဲ… နားကြရအောင်တေးဟေ့… ဆရာလေးတို့ရောလာကြဦး… နားကြရအောင်တေး… မိတေးရေကောက်ညှင်းပေါင်းအိုးမခဲ့ဟေ့…… "
အလုပ်တစ်ခုခုလုပ်ကြရအောင်လို့ဆော်ဩကြတဲ့အခါ စကားနောက်ကနေ သေးလို့ ဘယ်သူကစထည့်ပြောခဲ့တယ်မသိပေမဲ့ ယောနယ်တစ်ခွင်မှာတော့ တော်တော်ကိုတွင်တွင်ကျယ်ကျယ်သုံးကြတာမျိုး။
အခုလည်း နားကြရအောင်ဆိုတဲ့စကားရဲ့နောက်ကနေ သေး လို့မပီဘဲ နားကြအောင်တေးလို့ပြောနေတဲ့ ဒေါ်မြတင်ကပြောပြောဆိုဆိုလယ်ကန်းသင်းပေါ်တက်ဖို့ပြင်တာမို့ ကောက်စိုက်နေကြသူတွေအားလုံးခါးဆန့်လက်ဆန့်လုပ်ကာအညောင်းအညာဖြေကြရင်း လယ်ကန်းသင်းဆီတဖြည်းဖြည်းလှမ်းလာနေကြသည်။
လယ်ကွက်ထဲကရွံ့တွေထဲမှာခြေထောက်ကိုနှုတ်ရင်းပြန်ကျွံသွားရင်းလှမ်းရတာမို့ မြန်မြန်လှမ်းလာလို့လည်းမရတာကြောင့် ဖြည်းဖြည်းချင်းလှမ်းရတာလည်းပါပါသည်။
လယ်ကန်းသင်းပေါ်ရောက်လာကြတဲ့သူတွေအကုန်လုံးလယ်ကွက်ဘေးနားကရေသွင်းမြောင်းထဲဆင်းပြီး ရွှံ့တွေဆေးကြသည်။ပြီးမှ ကောက်ညှင်းပေါင်းအိုးနားဝိုင်းထိုင်လိုက်ကြသည်။

YOU ARE READING
💕 ချစ်သောအမောင်
Romanceနဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️ yawthawemaung နဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️