" ချစ်တယ်လို့တောင်.... မပြောရတေးဘူး…… "
" အာ...................... "
ကိုသာတုတ်ကြီးရဲ့ဖြေသံအဆုံးမှာ ကာလသားတစ်သိုက်ဆီက မချင့်မရဲဖြစ်သံတွေထွက်လာသည်။
" တကယ့်ကို… ချစ်တယ်လို့မပြောရသေးဘူးလား "
ဘုဏ်းမိုရ်ကပါတအံတဩ။
" ဟုတ်တယ်…၊ ချစ်တယ်လို့မပြောရတေးဘူး၊ ငါမပြောရဲဘူးဟ "
နားထောင်နေကြသူတွေအားလုံးဆီကနေရယ်မောသံတွေလွင့်ထွက်လာပြန်သည်။
" ဒါဆို ဘယ်လိုလုပ်ပြီး မင်္ဂလာဆောင်ဖြစ်ခဲ့တာလဲ "
" အဖေ့ကို မိန်းမအတောင်းခိုင်းခဲ့တာ "
" အမ်… ပိုင်ရောကွာ "
" အေး ချစ်တယ်လို့မပြောတေးဘဲနဲ့ ညကြဘယ်လိုအိပ်မှာတုန်းဟ၊ ဟား ဟား…… "
" အေးလေ… တို့ကိုတာတုတ်ကြီးတော့ ဒီနေ့မင်္ဂလာဦးညမှာ တစ်ယောက်တည်းငုတ်တုတ်ကြီးမြင်ယောင်တေး၊ အဟေးဟေး… "
တစ်ယောက်တစ်ပေါက်ဝိုင်းမေး ဝိုင်းပြောနေကြတဲ့ကာလသားတွေအလည်မှာ ဒီနေ့ညနောက်ဆုံးလူပျိုကြီးဘဝဖြစ်တဲ့ ကိုသာတုတ်မျက်နှာက တော်တော်ကိုရှက်နေဟန်။
" ကဲ ကဲ… တွားကြရအောင်ဟေ့၊ အိပ်ရာလိပ်ကောပါပြီးပြီလား "
ကိုသာတုတ်အဖေနဲ့အမေကအိမ်ပေါ်ကဆင်းလာရင်း သတို့သားကြီးကိုသာတုတ်ကိုသတို့သမီးမမြတ်သူသူတို့အိမ်ကိုပို့ဖို့လောဆော်သည်။
" ပါပြီဗျ ဒီမှာ "
" အေး အေး… ဒါဆိုလည်း ငါတို့လင်မယားရှေ့ကသွားပြီဟေ့၊ နောက်ကလိုက်ခဲ့ကြတော့ "
ဘုဏ်းမိုရ်ကကိုသာတုတ်ရဲ့အိပ်ရာလိပ်ကိုကောက်ထမ်းလိုက်ကာ
" ကဲ… ကိုသာတုတ်ရေသွားကြစို့ "
မနက်ကမှပူပူနွေးနွေးမင်္ဂလာဆောင်ထားတဲ့ သတို့သားကိုသာတုတ်က လူပျိုတွေကြားထဲကနေ ခပ်ရို့ရို့လိုက်လာသည်။
ကိုသာတုတ်နဲ့ မမြတ်သူသူက ကောက်ခြေပြတ်လို့ခေါ်ကြတဲ့ စပါးတွေသိမ်းပြီးမှ မင်္ဂလာဆောင်ဖို့စီစဉ်ထားပေမဲ့ မမြတ်သူသူရဲ့အဖေသူကြီးကရုတ်တရက်နေမကောင်းဖြစ်သွားတာမို့ အလုပ်လုပ်မဲ့သူမရှိဖြစ်ကာ ကောက်ခြေမပြတ်ခင် မင်္ဂလာဆောင်လိုက်ကြရခြင်းပင်ဖြစ်သည်။
YOU ARE READING
💕 ချစ်သောအမောင်
Romanceနဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️ yawthawemaung နဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️
