" ခေါ်မယ်မို့လားဟင်… "
" ဘာလို့လိုက်နေမှာလဲ၊ အမောင်လည်းစပါးမရိတ်တတ်ပဲနဲ့ "
" ဒါပေမဲ့ အမောင်လည်းကူချင်တာပေါ့ ချစ်သောရ၊ စပါးမရိတ်တတ်ရင်တောင် စပါးလှိုင်းသယ်တာတို့ဘာတို့လုပ်တတ်ပါတယ်၊ စပါးရိတ်လည်းတတ်အောင်သင်မှာပေါ့ "
" လက်ကို တံဇဉ်ပြတ်ပြီးအနာရမှာစိုးလို့ပြောနေတာ "
" အဲ လောက်တောင်ချစ်တယ်လား "
" ဆုတောင်းနေလိုက် "
" ဒါဆိုလိုက်ခဲ့လို့ရပြီမို့လား "
" သဘော သဘော…၊ လက်ကိုတံဇဉ်ပြတ်လို့အနာရမှလာမအော်နဲ့ "
" အင်းပါ မအော်လည်းမအော်ဘူး ပြောလည်းမပြောပါဘူး၊ ချစ်သော ရင်ခွင်ထဲပဲလာအိပ်နေမယ် "
" သေနေလိုက် "
" ဟင့် အရင်တစ်ခါသေတုန်းကတော့ ချစ်သောက မခံစားနိုင်ပဲနဲ့များ "
ရုတ်တရက်ဘုဏ်းမိုရ်ပါးစပ်ကို ငြိမ်းချမ်းလက်နဲ့လှမ်းပိတ်လိုက်မိသည်။
" ငါ့ကိုချစ်ရင် နောက်တစ်ခါအဲလိုစကားတွေမပြောနဲ့အမောင် ငါမကြိုက်ဘူး၊ ငါလည်းမပြောမိအောင်ဂရုစိုက်မယ်၊ သေတော့သေကြရမှာဆိုပေမဲ့ ဒီစကားကိုနားထဲကြားနေရတာ သိပ်အဆင်ပြေမနေဘူး "
" ဟုတ်ပါပြီဗျာ…၊ ချစ်သောမကြိုက်ရင်မပြောတော့ပါဘူး၊ အမောင်ကဘယ်တုန်းကမှစမပြောဖူးဘူးနော် ချစ်သောကချည်းပြောတာ၊ နောက်တစ်ခါပြောရင်ချစ်သောကိုအပြစ်ပေးရမယ် "
" အမ်… ဘယ်လိုအပြစ်ပေးမှာလဲ "
" သေနေလိုက်လို့ စကားတစ်ခွန်းပြောရင် နှုတ်ခမ်းကိုတစ်ခါနမ်းမယ် "
" အာ....... "
ရှက်စိတ်နဲ့ ခေါင်းအငုံ့ ပါးပြင်ဆီမှာနွေးခနဲ။
" ဒေါက်… "
" အာလား...... နာတယ် ချစ်သော…ရ "
" လူကိုမပြောမဆိုနမ်းစရာလား "
" ပြောနေရင် မနမ်းနဲ့လို့ပြောဦးမှာမလား "
ပြောင်စပ်စပ်ပြောနေတဲ့ ဘုဏ်းမိုရ်ကိုလက်သီးဆုပ်ထောင်ပြလိုက်ရင်း
YOU ARE READING
💕 ချစ်သောအမောင်
Romanceနဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️ yawthawemaung နဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️
