" လိမ်ချင်ရင်လည်း ပီပြင်အောင်လိမ်စမ်းပါ…… "
ဆရာတော့်ဆီကထွက်လာတဲ့အသံမှာဒေါသသံတို့မပါပါ။တစ်ပင်လုံးနီးပါးဖြူဖွေးအောင်ပွင့်နေဆဲကံကော်ပင်အောက်ကကွပ်ပျစ်လေးပေါ်မှာထိုင်နေတဲ့ဆရာတော့်မျက်နှာကအေးအေးချမ်းချမ်း။
ဆရာတော့်ရှေ့မှာတော့ မျက်နှာကိုအောက်ငုံ့ထားပြီးထိုင်နေတဲ့ ကပ္ပိယကြီးကဒူးတုပ်လျက်သား။
နေ့လည်စာထမင်းလာစားကြတဲ့ငြိမ်းချမ်းနဲ့ဘုဏ်းမိုရ်တို့လည်း ကပ္ပိယကြီးဘေးနားမှာဝင်ထိုင်ပြီး ဆရာတော်ကိုဦးချလိုက်ကြသည်။
" ကပ္ပိယကြီးက ဘာဖြစ်လို့လဲဘုရား…… "
" ညတုန်းက ရွာထဲကလူတွေနဲ့ ထန်းရည်သောက်ပြီးအလွန်အကျွံမူးလာခဲ့လို့ဆုံးမနေတာလေ။ အဲဒါအများကြီးသောက်တာမဟုတ်ပါဘူး နည်းနည်းပဲသောက်တာပါလို့ဆင်ခြေလက်ခြေပေးပြီးလိမ်နေလို့ "
" ဪ… "
ဘုဏ်မိုရ်ဆီက ဪ ဆိုတဲ့အသံမှာစူးစမ်းလိုဟန်အပြည့်။
" တပည့်တော်မလိမ်ပါဘူးဘုရား။ တောက်တုန်းကတော့နည်းနည်းပါ ဘယ်လိုကဘယ်လို မူးတွားမှန်းမတိပါဘူးဘုရား "
" ဖြစ်နိုင်ပါတယ်ဘုရား။ ကပ္ပိယကြီးက အသက်လည်းကြီးပြီဆိုတော့ ထန်းရည်ရဲ့ဒဏ်ကိုမခံနိုင်တော့တာလည်းဖြစ်နိုင်ပါတယ်ဘုရား "
ဆရာတော်ဘုရားကနည်းနည်းတွေသွားပြီး ကပ္ပိယကြီးကို သွားဖို့လက်ဟန်ပြလိုက်တာမို့ ကပ္ပိယကြီးလည်းအနားမှထကာထွက်သွားသည်။
" ငြိမ်းချမ်းနဲ့ ဒကာလေးမောင်ဘုဏ်းမိုရ် "
" ဘုရား… "
" ထန်းရေတို့အရက်တို့မူးယစ်စေတဲ့အရာတွေကိုမသောက်ကြနဲ့နော် ရှောင်နိုင်အောင်ရှောင်ကြကွဲ့ "
" တင်ပါ့ဘုရား "
" မူးယစ်သွားတဲ့အခါ မကောင်းမှုဒုစရိုက်အကုသိုလ်တွေကို အလွယ်တကူပြုလုပ်မိတတ်ကြတယ်ကွဲ့။ ဒါ့ကြောင့်အတတ်နိုင်ဆုံးမသောက်မစားမိအောင်သတိထားကြ ကြားလား "
" တင့်ပါဘုရား "
" ထန်းရေဖြစ်ဖြစ်အရက်ဖြစ်ဖြစ်မူးယစ်စေတတ်တာခြင်းတူသလို မူးသွားရင်သတိလက်လွတ်ဖြစ်ပြီး ပြောချင်တာပြော လုပ်ချင်တာလုပ်တွေဖြစ်ကြတော့တာလည်းတူတာပဲ။ အဲဒီအခါ ဘာမှမဖြစ်ပါဘူးဆိုရင်တောင်အနည်းဆုံးတော့ အရှက်တကွဲအကျိုးနည်းတော့ဖြစ်သွားကြတဲ့သူတွေချည်းပဲ "
YOU ARE READING
💕 ချစ်သောအမောင်
Romanceနဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️ yawthawemaung နဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️
