✍️ Unicode
" ငါနဲ့လိုက်ခဲ့မယ်မို့လား…… "
" ဟင့်အင်း… ငါမလိုက်ချင်ပါဘူးဟာ… မိန်းမတွေချည်းပဲကို…… "
" အဲတော့ ဘာဖြစ်လဲဟဲ့… အဲ့မိန်းမတွေကနင့်ကိုဝိုင်းဆွဲကြမှာမလို့လား… "
မဲကာရွဲ့ကာပြောလိုက်တဲ့မမြတ်သူသူကို မဝံ့မရဲကြည့်လိုက်ရင်း
" အဲလိုတော့ဘယ်ဟုတ်မလဲဟ… ဒါပေမဲ့မိန်းမတွေအများကြီးကြားထဲမှာငါတစ်ယောက်တည်းဆိုတော့ ကြောင်တောင်တောင်ကြီးနေတာပေါ့…… "
ဒီနေ့ကရွာတော်အရှင်ကြီးကိုနတ်တက်ကြတဲ့နေ့။နတ်တက်တဲ့ဆီကိုသွားမဲ့မမြတ်သူသူကငြိမ်းချမ်းကိုအဖော်ခေါ်နေတာ ငြိမ်းချမ်းကမလိုက်ချင်။ဒီနေ့မှ ဘုဏ်းမိုရ်ကလည်းမရှိ။
အိမ်ကိုဖုန်းဆက်ချင်တာကော၊ဝယ်ချင်တာလေးတွေကောရှိတယ်လို့ဆိုကာ ရွာကဈေးဝယ်သွားသူတွေနဲ့ ကျောက်တိုင်ရွာကိုလိုက်သွားတာမို့ အိမ်မှာကငြိမ်းချမ်းတစ်ယောက်တည်း။
ဘုဏ်းမိုရ်ပါရှိနေရင်တော့အဲလိုဇွတ်တရွတ်ခေါ်မှာမဟုတ်ပေမဲ့ အခုငြိမ်းချမ်းတစ်ယောက်တည်းဆိုတော့ မုန့်ပန်းကန်းတွေမနိုင်လို့ဆိုပြီးမလိုက်မချင်းဇွတ်ကိုခေါ်နေတော့တာ။
လက်ထဲမှာကိုင်ထားတဲ့မုန့်ပန်းကန်တွေကလည်းစုံလို့။မုန့်ဆီကြော်၊ပဲစေ့နဲ့မုန့်နှစ်ရောပြီးကြော်ထားတဲ့ပဲစေ့မုန့်ကြော်၊မုန့်လက်ကောက်ကြော်၊မုန့်ပြားသလက်၊ငြိမ်းချမ်းနာမည်မခေါ်တတ်တဲ့မုန့်တွေတောင်ပါသေး။
ရွာတော့်အရှင်ဆိုတာက ရပ်ရွာကိုစောင့်ရှောက်တဲ့အရှင်သခင်ပေါ့။ရွာရဲ့အပြင်ဘက် သစ်ပင်ကြီးကြီးနဲ့ရှင်းရှင်းလင်းလင်းရှိတဲ့တစ်နေရာမှာ နတ်စင်ဆောက်ပေးထားပြီး အစောင့်အရှောက်ထားတဲ့သဘော။
ရတနာသုံးပါးကိုဦးထိပ်ထားကြပေမဲ့ ရပ်ရွာဓလေ့အရရွာတော့်အရှင်ကြီးဆိုတာကိုလည်း အားကိုးယုံကြည်ကြတာပါပဲ။နတ်တက်တယ်ဆိုတာကတော့ အဲဒီရွာတော့်အရှင်ကြီးကို ပူဇော်ပသကြတာပေါ့။
နတ်တက်တယ်ဆိုတာမှာတောင်တစ်ရွာနဲ့တစ်ရွာကတူကြတာမဟုတ်။တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုတာလိုမျိုး။

YOU ARE READING
💕 ချစ်သောအမောင်
Romanceနဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️ yawthawemaung နဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️