💕 Two

9.9K 547 12
                                    

✍️ Unicode

" ဟက်… "

ငြိမ်းချမ်းကိုကြည့်ရင်းရယ်ပြနေတဲ့ဘုဏ်းမိုရ်ရဲ့ ရယ်သံဟာ‌ ငြိမ်းချမ်းကိုလှောင်နေတာမဟုတ်မှန်း ငြိမ်းချမ်းသိသားပဲ။

ပထမနှစ်ကနေ ဂုဏ်ထူးတန်းနောက်ဆုံးနှစ်အထိ အတူတူပေါင်းလာခဲ့တဲ့ ဘုဏ်းမိုရ်ရဲ့အလေ့အကျင့်တွေအားလုံးငြိမ်းချမ်းသိပြီးသား။

ဒါ့ကြောင့်ပဲ အခုရယ်ပြနေတဲ့ ဘုဏ်းမိုရ်ရဲ့ရယ်သံဟာ လှောင်နေတာမဟုတ်မှန်းငြိမ်းချမ်းသေချာသိနေခဲ့တာပေါ့။

ကျေနပ်ရိပ်သန်းနေတဲ့ ဘုဏ်းမိုရ်ရဲ့မျက်လုံးတွေကိုကြည့်ရင်း Canteen ထဲကတက္ကသိုလ်နောက်ဆုံးရက်ကိုသတိရလာမိပြန်ပါပြီကော။

အောင်နိုင်သူတစ်ယောက်လိုပြောနေတဲ့ဘုဏ်းမိုရ်ရဲ့စကားတွေကိုဆုံးအောင်နားမထောင်နိုင်တော့ဘဲ Canteen ထဲကအထွက် ဘုဏ်းမိုရ်ရဲ့အဖေ ပါချုပ်ကျောင်းအုပ်ကြီးနဲ့တွေ့တော့ ငြိမ်းချမ်းလက်ကိုဆွဲကိုင်ထားပေးတဲ့ဆရာကြီးကို မင်္ဂလာပါဆရာ ဆိုတာကလွဲရင် ဘာမှမပြောခဲ့နိုင်။

စာမေးပွဲခန်းထဲကိုသွားရမဲ့ ခြေလှမ်းတွေက ဦးတည်ရာမဲ့လျှောက်သွားရင်းအဆောင်ကိုပြန်ရောက်သွားတဲ့အခါ နည်းနည်းပါးပါးသာရှိတဲ့အဝတ်အစားတွေကိုကောက်ထည့်ပြီး ရွာကိုပြန်ရောက်လာတယ်ဆိုပါတော့လေ။

သက်သက်မဲ့စော်ကားခံခဲ့ရတဲ့နာကျင်မှုတွေကို ရွာမှာတစ်လလောက်ကုစားရင်း စာသင်ကျောင်းကလေးမှာကျောင်းဆရာဝင်လုပ်ဖြစ်တဲ့အခါမှ အချိန်ဆိုတဲ့သမားတော်နဲ့တွေ့ပြီး နေသားတကျလိုဖြစ်လာခဲ့တာ။

အခုတော့ ပျောက်စစဒဏ်ရာတစ်ခုကို ‌အမှတ်မထင်ဘဲ ခပ်ပြင်းပြင်းခလုတ်တိုက်မိသလိုနေတော့မလားမသိ။

တည်ငြိမ်စပြုနေပြီဖြစ်တဲ့ ငြိမ်းချမ်းရင်ခွင်ဟာ အခုဘုဏ်းမိုရ်ကိုပြန်တွေ့တော့ လှိုင်းကြက်ခွပ်လေးတွေပြန်ထလာတဲ့ ပင်လယ်ပြင်လိုနည်းနည်းတော့လှုပ်လှုပ်ခတ်ခတ်။

အခုလည်းငြိမ်းချမ်းကိုတည့်တည့်ကြည့်ရင်း ချစ်စရာကောင်းအောင်ရယ်ပြနေပြန်တဲ့ ဘုဏ်းမိုရ်ကြောင့်ပဲ သတိမထားလိုက်မိချိန်မှာရင်ခုန်လေပြန်သလားတောင်မသိ။

💕 ချစ်သောအမောင်Where stories live. Discover now