✍️ Unicode
" ကြိုက်တယ်မို့လား…… "
" အေး… ကြိုက်တယ်… "
" ငါ့ကိုလား…… "
" ဘာဟဲ့… ဘာပြောတာ… တေနာကြီးက နင့်ကိုငါကကြိုက်စရာလား…… "
အော်သံဟစ်သံနဲ့အတူ လူပျိုကြီးကိုသာတုတ်ရဲ့ကျောပြင်ပေါ်ကို မမြတ်သူသူကလက်သီးဆုပ်နဲ့ထုတဲ့အသံ တအုန်းအုန်းကပါရောထွက်လာသည်။
ဒါပေမဲ့ဘယ်သူမှစိတ်ဆိုးနေကြတာမျိုးတော့မဟုတ်ပါ။ဒီလိုပဲစကြနောက်ကြပျော်ပျော်ရွှင်ရွှင်နေကြတာမျိုးပင်ဖြစ်သည်။
ဒီနေ့ကသီတင်းကျွတ်လပြည့်နေ့။ဒီနေ့ညမှာဆရာတော်ကိုကန်တော့ကြမည်။ဆရာတော်ကို ကန်တော့ကြသည့်ညမှာ ဆီးမီးအုပ်ပါတွဲချကြသည်။
ဆီမီးအုပ်ချတယ်ဆိုတာကအလွယ်ဆုံးပြောရရင် ငှက်ပျောပင်ကိုအလှဆင်ထားပြီး ရွာရှိမိန်းမပျိုလေးများအားလုံးက ခေါင်းပေါ်ရွက်ကာ ဘုန်းတော်ကြီးကျောင်းကိုသုံးပတ်လှည့်၍ ဘုရားမီးပူဇော်ကြခြင်းတစ်မျိုးသာဖြစ်သည်။
ဒီလိုလုပ်ဖို့အတွက် အရင်ဆုံးငှက်ပျောပင်ခပ်သေးသေးတစ်ပင်ကို အရင်ရှာခုတ်ရသည်။ရလာတဲ့ငှက်ပျောပင်ကို ငှက်ပျောစေးကုန်သွားသည်အထိထားပြီးတဲ့အခါ ငှက်ပျောပင်စိုက်မည့်ဇလုံနဲ့တိုင်းပြီး ဇလုံနှုတ်ခမ်းနဲ့ကွက်တိဖြစ်အောင် အပင်ခြေရင်းမှနေ၍ ဒုတ်ကြီးကြီးနှစ်ချောင်းကန့်လန့်ထိုးရသည်။
ကန့်လန့်ထိုးထားတဲ့ဒုတ်နှစ်ချောင်းကိုဇလုံနှုတ်ခမ်းနဲ့တွဲကာ လျှော်ကြိုးများဖြင့်တင်းတင်းရစ်ချည်ထားလိုက်ရသည်။ထိုအခါငှက်ပျောပင်လေးကဇလုံထဲမှာစိုက်ထားသလိုဖြစ်သွားသည်။
ထို့နောက်မှ ခုတ်ထားပြီးသားပေဖူးရွက်များကို ကြာပန်းပုံစံများ စကြာပုံစံများရအောင် ကတ်ကျေးများ ဓားများဖြင့်ပုံဖော်ညှပ်ထုတ်ကြရသည်။
ရလာတဲ့ ကြာပန်းပုံစံများ စကြာပုံစံများကို အုန်းရွက်ကိုဓားနဲ့သပ်ထားတဲ့ အုန်းရွက်အလယ်ကအုန်းကြောခပ်တောင့်တောင့်ရဲ့အဖျားမှာတပ်လိုက်ရသည်။

YOU ARE READING
💕 ချစ်သောအမောင်
Romanceနဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️ yawthawemaung နဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️