✍️ Unicode
" ဟိုကောင်တွေ… ငါ့ကိုခဏစောင့်ကြပါဦးဟ…… "
တံခွန်ကုက္ကားကိုင်ပြီးဖြေးဖြေးချင်းလမ်းလျှောက်ကာဘုန်းကြီးကျောင်းကိုပတ်ချာလှည့်နေကြတဲ့ ငြိမ်းချမ်းနဲ့ဘုဏ်းမိုရ်တို့နှစ်ယောက် နောက်ကအော်လိုက်တဲ့မမြတ်သူသူအသံကြောင့် လှမ်းလက်စခြေလှမ်းတွေကိုရပ်လိုက်ကြသည်။
ညကို အဘိုးအဘွားတွေစာသင်ကြရင်း အရင်ကထက်ပိုမိုရင်းနှီးလာကြတာမို့ မမြတ်သူသူက ငြိမ်းချမ်းကိုခေါ်သလိုပင် ဘုဏ်းမိုရ်ကိုလည်း တစ်ခါတစ်ရံဟိုကောင်လို့ခေါ်လေ့ရှိသည်။အခုလည်းကြည့်ဦးလေ ငြိမ်းချမ်းတို့နှစ်ယောက်ကို ဟိုကောင်တွေတဲ့။
ဒါပေမဲ့လည်း ဒီလိုခေါ်တာဟာ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ပြောမနာဆိုမနာရင်းနှီးလာကြတဲ့သဘောမို့ ငြိမ်းချမ်းရောဘုဏ်းမိုရ်ပါ ဒီအခေါ်အဝေါ်ပေါ်မှာ ဘာခံစားမှုမှမရှိကြ။
" နင်တို့ကလည်းမြန်လိုက်တာဟယ်… ဒီမှာကမြန်မြန်လှမ်းလို့ကလည်းမရ… မြန်မြန်တွားလိုက်ရင်ဆီမီးအုပ်က ဖယောင်းမီးကတေရောနဲ့ …"
" ငါတို့လည်း ရှေ့ကကြေးစည်ထမ်းတဲ့သူကိုအမီလိုက်ရတာကိုးဟ…… "
" နင်တို့ရှေ့ကလူတွေကိုတဆင့်စီလှမ်းပြောခိုင်းလိုက်… ဖြေးဖြေးသွားလို့… "
မမြတ်သူသူခိုင်းတဲ့အတိုင်းရှေ့ဆုံးကကြေးစည်တီးသူတွေကို ဖြေးဖြေးသွားဖို့ ငြိမ်းချမ်းရှေ့မှာရှိနေတဲ့ ဘုဏ်းမိုရ်ကတဆင့်ပြောခိုင်းလိုက်သည်။
ငြိမ်းချမ်းနဲ့ဘုဏ်းမိုရ်တို့ရှေ့မှာကို တံခွန် ကုက္ကား မလေးပွားကိုင်သူကာလသားတွေ ဆယ်ယောက်ကျော်ကျော်လောက်ရှိနေသေးတာမို့ တစ်ယောက်ပြီးတစ်ယောက်လက်ဆင့်ကမ်းပြောခိုင်းရသည်။
ဆီမီးအုပ်ချကြတဲ့အခါ ကြေးစည်ခပ်ကြီးကြီးကိုကြိုးနဲ့ဝါးလျှိုထမ်းပြီး ရှေ့နောက်ထမ်းထားသူနှစ်ယောက်အနက် နောက်လူကကြေးစည်တီးရင်းရှေ့ဆုံးကသွားရသည်။
အဲဒီနောက်ကမှ တံခွန် ကုက္ကား မလေးပွားကိုင်သူကာလသားတွေတန်းစီလိုက်ရသည်။တံခွန် ကုက္ကား မလေးပွားကိုင်သူတွေ ကာလသားတွေနောက်ကမှ ဆီမီးအုပ်ရွက်ထားသူကာလသမီးအပျိုတွေကတန်းစီလိုက်ကြရသည်။
YOU ARE READING
💕 ချစ်သောအမောင်
Romanceနဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️ yawthawemaung နဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️