" ငါ့ဘဝမှာ… ဒီလိုမျိုးတစ်ခါမှ မခံစားခဲ့ဖူးဘူး တိလား "
ဆောင်းရာသီစိုက်ခင်းကနှုတ်ထားတဲ့မြေပဲပင်မှာ ကြီးမားလှပတဲ့မြေပဲတောင့်တွေကအစီအရီ။ မြေပဲတောင့်တွေကိုခြွေရင်းပြောနေတဲ့ ကလေးအဖေဖြစ်တော့မဲ့ ကိုသာတုတ်အသံမှာ ပျော်ရွှင်တက်ကြွမှုတွေအပြည့်။
ငြိမ်းချမ်းတို့နှစ်ယောက်နဲ့ကိုသာတုတ်အပါအဝင်သုံးယောက်သား မြေပြင်ပေါ်မှာထိုင်ကာ နှုတ်ပြီးသားမြေပဲပင်က မြေပဲဥတွေကိုခြွေနေကြတာမို့ အေးအေးဆေးဆေးစကားပြောလို့ရနေကြတာပင်။
နေ့လည်ထမင်းစားပြီး ခဏတာတရေးတမောအိပ်ကာ ထခြွေကြတာမို့ မြေပဲတွေကတောင်းနဲ့ပြည့်လုနီးပါတောင်ရှိနေခဲ့ပါပြီ။
" ကိုသာတုတ်က သားလိုချင်တာလား သမီးလိုချင်တာလား "
" ဘာ ရရပါကွာ… ကိုယ့်တွေးကိုယ့်တားပဲ ချစ်ရတာပ၊ တားဆိုရင်ငါအဖော်ရ တမီးဆိုတော့လည်း တူ့အမေအဖော်ရတာပေါ့ "
" အခုမွေးတာက သားဆိုလည်း နောက်ထပ်သမီးလေးမွေးဦးပေါ့ဗျ၊ သမီးဆိုလည်း သားလေးမွေးဦးပေါ့ "
" အင်းပေါ့… လိုချင်တလိုရရင်တော့ကောင်းတာပေါ့ "
" ဘာဖြစ်လဲ မွေးပစ်စမ်းပါ၊ ကိုသာတုတ်လည်းစွမ်းသေးတယ် မမြတ်သူသူလည်းမွေးနိုင်သေးတယ်လေ အဟဲ… "
" အာ........... "
ဘုဏ်းမိုရ်နဲ့စကားကို ကလေးအဖေဖြစ်တော့မဲ့ ကိုသာတုတ်ကရှက်နေတုန်း။
" ချစ်သောရော ကလေးတွေဘယ်နှစ်ယောက်လောက်လိုချင်လဲ "
" ဘုဏ်း.... မိုရ်…… "
အမှတ်တမဲ့လှမ်းမေးလိုက်တဲ့ ဘုဏ်းမိုရ်ကို ငြိမ်းချမ်းလှမ်းအော်လိုက်ပေမဲ့ ချစ်သောလို့ခေါ်သံကို ကိုသာတုတ်မကြားအောင်တော့ ငြိမ်းချမ်းမတတ်နိုင်လိုက်။
" အော်မနေပါနဲ့ကွာ… မင်းတို့နှစ်ယောက်အကြောင်းကို မြတ်တူပြောပြလို့ ငါတိပြီးတားပါ "
" ဗျာ ဘာတွေတိတာလဲ "
ရုတ်တရက်စိတ်လှုပ်ရှားသွားတာမို့ ငြိမ်းချမ်းမှာ သ နဲ့ တ တောင်မပီလိုက်။
YOU ARE READING
💕 ချစ်သောအမောင်
Romanceနဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️ yawthawemaung နဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️
