💕 Thirty-one

3.5K 172 10
                                        

" ဟင့်… အင်း…… "

ငြိမ်းချမ်းတို့နှစ်ယောက်သားပြိုင်တူငြင်းလိုက်တဲ့အခါ မမြတ်သူသူမျက်စောင်းက ငြိမ်းချမ်းနဲ့ဘုဏ်းမိုရ်ဆီဒိုင်းခနဲရောက်လာသည်။

ရှေ့ကိုတော်တော်ထွက်လာပြီဖြစ်တဲ့ ကိုယ်ဝန်ကြီးနဲ့ မမြတ်သူသူက ငြိမ်းချမ်းတို့အနားမှာလက်ထောက်ပြီးထိုင်ချလိုက်ကာ ပုဆိုးတွေကိုငြိမ်းချမ်းနဲ့ဘုဏ်းမိုရ်ရှေ့ကိုချပေးသည်။

" ငြင်းမနေနဲ့… နင်တို့ဖို့ဝယ်လာတာ၊ ယူကြ "

မောင်နှမတွေလိုဖြစ်နေကြပြီမို့ နင်ရယ်ငါရယ်လို့ပြောကြပေမဲ့ ရိုင်းတယ်မထင်တော့ပါ။အခုလည်း သူ့ယောက်ျားကိုသာတုတ်ဖို့ပုဆိုးဝယ်ရင်း ငြိမ်းချမ်းတို့အတွက်ပါဝယ်ခဲ့တဲ့ပုဆိုးကိုပေးဖို့မေ့နေခဲ့တာတဲ့လေ။

" ဒါဆိုလည်း ဘုရားပွဲမတိုင်ခင်ကပေးပါလားဗျ၊ အခုဘုရားပွဲနေ့ကြမှပေးရလား၊ မယူချင်ပါဘူး "

" ဟဲ့… ငါလည်းမေ့တာပေါ့ဟဲ့၊ နင်တို့မပြောနဲ့ငါ့ယောက်ျားကိုတာတုတ်တောင် ဒီနေ့မနက်မှထုတ်ပေးဖြစ်တာ "

" အင်းလေ အဲဒါကြောင့်ပြောတာပေါ့၊ သူ့ယောက်ျားကိုပေးတုန်းနဲ့ကြုံတာမို့ မကောင်းတတ်လို့ပေးရသလိုလိုနဲ့ မယူနဲ့နော်ကိုချမ်း "

" အေး… ငါလဲမယူဘူး "

" အော်ဟဲ့… အခုလည်းဆွမ်းလောင်းတုန်းဝတ်လို့ရပါတေးတယ်ဟဲ့ မီပါတေးတယ်၊ နင်တို့နှစ်ယောက်ကဘုရားပင့်ရမှာဆို… အဲ့အချိန်ကြဝတ်ပေါ့ဟဲ့၊ အခုမဝတ်ချင်တော့ရင်လည်း နောက်ပွဲတွေကြဝတ်လို့ရပါတယ်၊ အလှူတွေရှိတေးတာကို တကတဲ… "

ငြိမ်းချမ်းတို့က ချစ်လို့စနေမှန်းသိတာမို့ မမြတ်သူသူကလဲစိတ်ဆိုးနေတာမဟုတ်ပါ။ပုဆိုးကိုလဲ မယူချင်တာမဟုတ်။ဒီအတိုင်း စချင်လို့ကိုစနေကြတာမျိုး။

ကိုသာတုတ်ကတော့ သူ့မိန်းမ မမြတ်သူသူနဲ့ ငြိမ်းချမ်းတို့အခြေအတင်ပြောနေကြတာကိုအဝတ်အစားလဲရင်း ပြုံးကြည့်လို့။သူကြီးကတော့ ဘုန်းကြီးကျောင်းကိုသွားနေတာမို့ အိမ်မှာမရှိ။

" ကဲ ငါ့ကိုပြောမနေနဲ့… ရေနွေးတောက်ကြဦး စားစရာတွေလည်းစားကြ၊ ညစာလဲ ထမင်းချက်မနေနဲ့ ဒီမှာလာစားကြ "

💕 ချစ်သောအမောင်Where stories live. Discover now