" ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ......
နေခြည်မှာ ရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း...... "
ဂစ်တာသံနဲ့အတူတူလွင့်ပျံလာတဲ့ ကဗျာဆိုသံက သူငယ်တန်းတင်မက တစ်ကျောင်းလုံးမှာရှိတဲ့စာဖတ်သံတွေကိုတိတ်သွားစေအောင်ဆွဲဆောင်နိုင်လှသည်။
တစ်ကျောင်းလုံးဆိုတာကလည်း အဆောင်တစ်ဆောင်တည်းပဲရှိတာကိုး။တစ်ဆောင်တည်းမှာမှ ကျောင်းသားပေါင်း ငါးဆယ်တောင်မပြည့်တတ်။
ဒီတော့လည်း စိတ်ဝင်စားစရာကောင်းတာတစ်ခုခုတွေ့လာတိုင်း၊သူတို့သဘောကျတာတစ်ခုခုတွေ့လာတိုင်း တိုင်ပင်ထားစရာမလိုအောင် ကလေးတွေအသံကတညီတညာတည်းတိတ်သွားမြဲ။
အခုလည်း ဘုဏ်းမိုရ်က သူငယ်တန်းကလေးတွေကိုဂစ်တာနဲ့ကဗျာဆိုပြနေတာကြားပြီး ဒီဘက်အခန်းကကျောင်းသားတွေပါစိတ်ဝင်တစားနားထောင်နေကြတာပဲ။
" ကဲ သားသားတို့မီးမီးတို့ပါ ဆရာလေးနဲ့အတူတူလိုက်ဆိုကြမယ်နော်… "
" ဟုတ်ကဲ့ပါ… "
တညီတညာတည်းထွက်လာတဲ့ကလေးတွေရဲ့အသံမှာပျော်ရွှင်ခြင်းတွေကအပြည့်။
" ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ...... "
" ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ...... "
ရှေ့ကဆိုပေးနေတဲ့ဘုဏ်းမိုရ်အသံက ငြိမ်းညောင်းတဲ့ဂစ်တာသံနဲ့အတူထွက်လာချိန်မှာ နောက်ကလိုက်ဆိုကြတဲ့ကလေးတွေကလည်း လက်ခုပ်တွေတီးကာအားရပါးရအော်ဟစ်ဆိုကြတာမို့ အသံတွေကမြိုင်နေသည်။
ငြိမ်းချမ်းတောင်စိတ်ထဲကလိုက်ဆိုရင်းအလိုလိုပျော်ရွှင်လာသည်။
" နေခြည်မှာ ရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း...... "
" နေခြည်မှာ ရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း...... "
သူငယ်တန်းကလေးတွေဆီကအပျော်က ဒီဘက်အတန်းကကလေးတွေဆီအထိကူးစက်လာပါပြီ။လက်ခုပ်တီးကာလိုက်ဆိုကြရင်း တစ်ကျောင်းလုံးကအသံတွေဝေစီလာသည်။
ကလေးတွေအားလုံးပျော်နေကြတာမို့ငြိမ်းချမ်းအသာငြိမ်နေလိုက်သည်။ငြိမ်းချမ်းလည်းစိတ်ထဲကပျော်ရွှင်နေရတယ်မဟုတ်လား။
YOU ARE READING
💕 ချစ်သောအမောင်
Romanceနဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️ yawthawemaung နဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️
