✍️ Unicode
" နေဦးလေ… ငါ့ကိုစောင့်ပါဦးဟ…… "
နောက်ကနေထွက်လာတဲ့ မမြတ်သူသူအသံကြောင့် ငြိမ်းချမ်းနဲ့ဘုဏ်းမိုရ်လှမ်းလက်စခြေလှမ်းတို့ကိုရပ်လိုက်သည်။
" နင်တို့ကလည်း ငါ့ကိုတောင်ဝင်မခေါ်ကြဘူး တကယ်ပါပဲ… "
အနားရောက်လာတဲ့ မမြတ်သူသူကအမောဖြေရင်း စကားကိုတရစပ်ပြောနေပြန်သည်။
" မသိဘူးလေ… ညတုန်းကဆွမ်းတော်ကြီးကပ်ကို ငါရောလိုက်မှာလို့ပမပြောလိုက်တာ… ပြီးတော့အရင်အပတ်တွေတုန်းကလည်း လိုက်တာမမြင်လို့…… "
ဘုန်းကြီးကျောင်းဆီဆက်လျှောက်ကြရင်း ငြိမ်းချမ်းကပြန်ပြောတော့ မမြတ်သူသူကချက်ချင်းပြန်ပက်သည်။
" ဟဲ့… အရင်အပတ်တွေက အဖေလိုက်လိုက်တွားလို့ပါဟဲ့… ငါကလိုက်တာမလိုက်တာပါ ဆွမ်းတော်ကြီးကပ်ဖို့ချက်ပြုတ်ပေးလိုက်တာကငါပါနော်…… "
ဆွမ်းတော်ကြီးကပ်ဖို့ မမြတ်သူသူရဲ့အရီး သူကြီးရဲ့အစ်မကြီးဖြစ်သူကချက်ပြုတ်ပေးလိုက်တာများပေမဲ့ ဘုဏ်းမိုရ်ရှေ့မှာအမှတ်ယူချင်နေတဲ့ မမြတ်သူသူကိုငြိမ်းချမ်းပြန်မပြောတော့ဘဲ အသာပင်ပြုံးနေလိုက်သည်။
ဆွမ်းတော်ကြီးကပ်တယ်ဆိုတာက ငြိမ်းချမ်းတို့တောဒေသတော်တော်များများရဲ့ ကုသိုလ်ယူကြတဲ့အလေ့အထပင်ဖြစ်သည်။
ဝါတွင်းသုံးလထဲက လပြည့်လကွယ်နေ့တွေမှာပြုလုပ်လေ့ရှိပြီး မနက်စောစောလေးနာရီလောက်ထကာ ဘုန်းကြီးကျောင်းအထိသွားကြရသည်။
ဆွမ်းတော်ကြီးကပ်မဲ့သူတွေစုံတော့မှ မြတ်စွာဘုရားရှေ့မှာတစ်စုတစ်ဝေးတည်းကပ်ကြရတာလည်းဖြစ်သည်။
မနက်စောစောလေးနာရီလောက်မှာ ဆွမ်းတော်ကြီးကပ်နိုင်ဖို့အတွက်ညကစပြင်ဆင်ထားကြရသည်။အထူးတလည်ပြင်ရတာမျိုးတော့မဟုတ်ပါ။
ထမင်းနဲ့ဟင်းတစ်မျိုးချက်ကာ ငှက်ပျောရွက်ကိုမီးကင်ပြီးခွက်ပုံစံဖြစ်လာအောင်ဒုတ်ကလေးတွေနဲ့ထိုးထားတဲ့ ငှက်ပျောရွက်ခွက်ကလေးနဲ့ကပ်ကြရတာမို့အထူးတလည်အလုပ်ရှုပ်တာမျိုးတော့မဟုတ်။

YOU ARE READING
💕 ချစ်သောအမောင်
Romanceနဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️ yawthawemaung နဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️