💕 Fourteen

4.3K 268 7
                                        

✍️ Unicode

" ရွှေမိုးမင်းရယ် ........ အကဲတပိုပိုသည်းနိုင်သကို ........ ကြာရွက်ထီးကလေးအောက်မှာ ......... တို့နှစ်ကိုယ်မိုးအတူခို ......... မိုးမပက်ပေမဲ့ တိုးဖက်လို့အကြင်နာတွေကပို ........ "

" ကဲ… လက်ခုပ်တီးကြမယ်ဟေ့… "

ခုံပေါ်တက်ပြီးသီချင်းဆိုပြနေတဲ့ လေးတန်းကျောင်းသူလေးရဲ့ သီချင်းသံအဆုံးမှာ ဘုဏ်းမိုရ်ကကိုင်ထားတဲ့ဂစ်တာကိုဘေးနားချလိုက်ပြီး လက်ခုပ်တီးဖို့ဆော်ဩလိုက်တာမို့ လက်ခုပ်သံတွေညံနေအောင်ထွက်လာသည်။ဆူညံသွားတဲ့လက်ခုပ်သံတွေထဲမှာ ကျောင်းသူကျောင်းသားတွေရဲ့ လက်ခုပ်သံသာမကပါ။

ညစာသင်ကျောင်းကိုလာကြည့်ကြတဲ့ အဘိုးအဘွားတွေနဲ့ ကျောင်းသူကျောင်းသားအဖေအမေတွေရဲ့လက်ခုပ်သံတွေရောကြောင့်လည်း မြိုင်နေတာဖြစ်မည်။

ငြိမ်းချမ်းလည်းအများသူငါလိုလက်ခုပ်တီးရင်း ဟိုတစ်နေ့တံတားပေါ်မှာ မိုးရွာထဲကအဖြစ်အပျက်ကိုပြန်မြင်ယောင်ကာ တဖျတ်ဖျတ်နဲ့ရင်ခုန်ချင်ပြန်သည်။

အဲဒီနေ့မှာ ဘုဏ်းမိုရ်ကငြိမ်းချမ်းရဲ့နားတစ်ဖက်အနားကိုကပ်ပြီး ဒီသီချင်းဆိုပြခဲ့တုန်းကလည်း ငြိမ်းချမ်းရင်ခုန်ခဲ့မိသေးတာပဲ။

မိသေးကိုညစာသင်တဲ့အခါ လေးတန်းကကျန်ခဲ့တဲ့ကလေးတွေပါ ညစာသင်ကျောင်းကိုလိုက်ချင်တယ်ဆိုပြီးဖြစ်လာတာမို့ လေးတန်းတစ်တန်းလုံးကိုညကျောင်းတက်ဖြစ်သွားသည်ဆိုရမည်။

အဲဒီအခါ လေးတန်းတွေညစာသင်ကြတာကိုအားကျပြီးကျန်တဲ့အငယ်တန်းတွေပါ ညကျောင်းတက်ချင်တယ်လို့မိဘတွေကိုပူဆာကြရာကနေ ဆရာတော်ကဦးစီးပြီးတော့ဘုန်းတော်ကြီးကျောင်းအောက်မှာ အောက်လင်းဓာတ်မီးကြီးတွေလင်းထိန်နေအောင်ထွန်းကာ ညစာကျက်ဝိုင်းလေးဖြစ်လာပါတော့သည်။

အဲဒီလိုနဲ့ ကလေးကိုကျောင်းလာပို့ပြီး ပြန်ကြိုဖို့စောင့်ကြတဲ့မိဘတွေ၊ကလေးတွေစာသင်ကြစာကျက်ကြတာကို ပြောင်းဖူးဖက်ဆေးလိပ်ကြီးတွေဖွာပြီး ကြည်ကြည်နူးနူးနဲ့လာကြည့်ကြတဲ့ အဘိုးအဘွားတွေအားလုံးစုစုရုံးရုံးဖြစ်လာကာ ညစာသင်ကျောင်းနဲ့စာကျက်ဝိုင်းလေးက ပွဲတစ်ခုတမျှစည်ကားလို့နေတတ်သည်။

💕 ချစ်သောအမောင်Where stories live. Discover now