💕 Eighteen

4K 254 18
                                        

✍️ Unicode

" ခွပ်… "

ထင်းပေါက်နေတဲ့ဘုဏ်းမိုရ်ဆီကနေ ထင်းနှစ်ခြမ်းကွဲသွားတဲ့အသံက အိမ်ကလေးပေါ်အထိလွင့်လာသည်။ရောက်ကာစဘာအလုပ်မှမလုပ်တတ်တဲ့သူဌေးသားကိုလူချောက အခုတော့အလုပ်တော်တော်များများကိုကျွမ်းကျင်နေခဲ့ပြီ။

" ကိုချမ်းရေ… အိမ်ပေါ်ကိုထင်းယူခဲ့ရဦးမလား… "

" ဟင့်အင်း မယူခဲ့နဲ့… ထင်းတွေရှိသေးတယ်… "

" ဒါဆိုလည်း ခွဲပြီးသားထင်းတွေကိုအိမ်အောက်မှာပဲ စီထားလိုက်‌တော့မယ်…… "

ငြိမ်းချမ်းကိုချစ်တယ်လို့ပြောခဲ့တဲ့နေ့က ပြောချင်တာပြောအပြီး လုပ်ချင်တာလုပ်ပါဆိုတဲ့ဘုဏ်းမိုရ်မျက်နှာကို လက်သီးအားရပါးရပိတ်ထိုးပစ်ခဲ့တာကိုပြန်မြင်ယောင်လာပြန်သည်။

ဘုဏ်းမိုရ်ကတော့ ငြိမ်းချမ်းထိုးချလိုက်တဲ့ပါးပြင်ကိုလက်နဲ့တောင်မပွတ်ဘဲတောင့်ခံနေခဲ့ရှာသည်။

ချစ်တယ်လို့အပြောခံရတာကိုစိတ်ဆိုးပြီး စကားမပြောဘဲနေခဲ့တဲ့ငြိမ်းချမ်းကိုဘုဏ်းမိုရ်ကမနားမနေအတင်းလိုက်ပြောနေခဲ့တာကြောင့် ငြိမ်းချမ်းတစ်ပတ်ထက်တောင့်မခံနိုင်ခဲ့ပါ။

မေ့ပြီးဘုဏ်းမိုရ်ကိုစကားပြန်ပြောခဲ့မိတဲ့နေ့က ကလေးတစ်ယောက်မုန့်ရသလိုပျော်နေတဲ့ဘုဏ်းမိုရ်ကို ငြိမ်းချမ်းအမြင်ကပ်နေခဲ့မိပါသေးသည်။

" ရေချိုးလိုက်တော့မှာလား…… "

" မလိုက်သေးဘူး… "

" ဘာလုပ်ဦးမှာမို့လို့လဲ… "

" ငါ့ဘာသာငါ ဘာလုပ်လုပ်… "

ငြိမ်းချမ်းစကားအဆုံးမှာ မီးဖိုထဲဝင်လာတဲ့ဘုဏ်းမိုရ်က ငြိမ်းချမ်းနောက်ကနေသိုင်းဖက်တာခံလိုက်ရသည်။

" ဒေါက်… "

ဟင်းရေချိုအိုးဆားမြည်းနေတဲ့ငြိမ်းချမ်းကလည်း မြန်မြန်ဆန်ဆန်ပင် ဘုဏ်းမိုရ်ခေါင်းကိုပြန်ခေါက်ပစ်လိုက်သည်။

" အားလားကွာ… လက်သံကလည်းပြောင်လိုက်တာ…… "

" သေနေလိုက်… "

💕 ချစ်သောအမောင်Where stories live. Discover now