💕 Four

7K 388 12
                                    

✍️ Unicode

" တကယ့်ကို ကျေးဇူးတင်ပါတယ်ကွာ…… "

သူကြီးရဲ့ကျေးဇူးတင်စကားက ငြိမ်းချမ်းအတွက်တော့ သိပ်နားဝင်မချိုလှပါ။အလိုက်သင့်ပြန်ပြောနေရပေမဲ့ သဝန်တိုချင်သလိုစိတ်ကရင်ဘတ်နဲ့အပြည့်။

" မောင်ဘုဏ်းမိုရ်ကလိမ္မာရေးခြားရှိတယ်ဆိုတော့ ဘထွေးတမီးနဲ့နေရာချထားပေးချင်တာ ဘထွေးအလွန်တော့မဟုတ်ဘူးမလား…… "

ငြိမ်းချမ်းခေါင်းကို အသာအယာညိတ်ပြလိုက်သည်။အိမ်မှာကြက်တားရှိလို့ဧည့်သည်အတွက်ကြက်တားပေးလာတာဟေ့ ဆိုပြီး သနဲ့တမပီတဲ့သူကြီးရဲ့စကားကို ငြိမ်းချမ်းကရိုးရိုးသားသားပဲထင်ခဲ့မိတာ ငြိမ်းချမ်းအမှား။

ဒါပေမဲ့ မရိုးသားခဲ့တော့ကော ငြိမ်းချမ်းကဘာများတတ်နိုင်မှာတဲ့လဲ။သမီးတစ်ယောက်ကို သင့်တော်တဲ့ယောက်ျားတစ်ယောက်နဲ့ပေးစားချင်တာ ဖခင်တစ်ယောက်ရဲ့အမှားမှမဟုတ်တာ။

ယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ချစ်ခင်စုံမက်နှစ်သက်လက်ထပ်ကြတာသဘာဝတရားပဲမဟုတ်လား။ငြိမ်းချမ်းကသာမှားနေခဲ့တာ။

ယောက်ျားတစ်ယောက်ဖြစ်တဲ့ငြိမ်းချမ်းက နောက်ထပ်ယောက်ျားတစ်ယောက်ဖြစ်တဲ့ဘုဏ်းမိုရ်ကို ချစ်မိသွားခဲ့တာကသာ ငြိမ်းချမ်းမှားနေခဲ့တာ။

" အဲဒါ… ခဏနေကပြောတလို မင်းကမောင်ဘုဏ်းမိုရ်ကို အဆင်ပြေအောင်ပြောပေးစမ်းပါဦးကွယ်… ဘထွေးကဘထွေးတမီးနဲ့တဘောတူနေတဲ့အကြောင်း… ပြီးတော့ ဘထွေးတမီးကလည်း မောင်ဘုဏ်းမိုရ်ကိုတဘောကျနေတဲ့အကြောင်း… "

တောသူတောင်သားတို့ဘဝပွင့်လင်းကြတာကသဘာဝဖြစ်တည်မှုလိုမျိုးပါ။စိတ်ထဲမှာမျိုသိပ်ထားလေ့သိပ်မရှိဘဲ ပွင့်ပွင့်လင်းလင်းပင်ထုတ်ဖော်ပြောတတ်ကြတာကိုက ရိုးသားခြင်းတစ်မျိုးပဲမဟုတ်လား။

" ဟုတ်ကဲ့… ပြောပြလိုက်ပါ့မယ်ခင်ဗျာ… "

" ပြောတာပြောရတာကွဲ့… ဖအေဆိုတော့မျက်နှာကအပူတား… တူ့အမေရှိရင်တော့ ဒီစကားမျိုးကတူ့အမေကလာပြောရမှာ… အခု‌တူ့အမေမရှိတော့ ဘထွေးကိုယ်တိုင်ကလာပြောနေရတော့တာပဲဟေ့… "

💕 ချစ်သောအမောင်Where stories live. Discover now