💕 Three

7.7K 459 13
                                    

✍️ Unicode

" အခု… သီချင်းဆိုပြရမလားဟင်… "

" ဝေး.......... "

ပျော်ရွှင်စွာအော်ဟစ်လိုက်တဲ့ကလေးတွေရဲ့အသံကို ဒီဘက်အခန်းမှာ ကျောင်းသားစာရင်းတွေလုပ်နေတဲ့ ငြိမ်းချမ်းဒီအတိုင်းကြားနေရသည်။

ကျောင်းအုပ်ဆရာကြီးကခိုင်းထားခဲ့တာမို့ စာရင်းတွေလုပ်နေရတဲ့ ငြိမ်းချမ်းကို ဘုဏ်းမိုရ်က ကလေးအသံဆူဆူတွေကြောင့်အနှောက်အယှက်မဖြစ်စေချင်ဟန်တူသည်။

ဒါ့ကြောင့်ပဲ အိမ်ပြန်ဂစ်တာယူကာသီချင်းဆိုပြပြီး ပျော်ရွှင်စွာဆော့ကစားရင်းဆူညံနေတဲ့ကလေးတွေကို တိတ်ဆိတ်သွားစေရန် ဘုဏ်းမိုရ်ကထိန်းထားလိုဟန်တူသည်။

ကလေးတွေကလည်း ဘုဏ်းမိုရ်စကားကိုငြင်းသူမရှိဘဲ ဘုဏ်းမိုရ်အနားကိုဝိုင်းသွားကြတာမြင်လိုက်သည်။

တစ်လကျော်လောက်ရှိလာပြီဖြစ်တဲ့ စာသင်သက်တမ်းအတွင်းမှာ ဘုဏ်းမိုရ်နဲ့ ကလေးတွေတော်တော်ရင်းနှီးသွားကြပြီဖြစ်သည်။

ဒါပေမဲ့ ငြိမ်းချမ်းကတော့အခုချိန်ထိခပ်တည်တည်ခပ်တင်းတင်းနေဆဲပင်။ဒိတ်ဒိတ်ကြဲချမ်းသာတာမျိုးမဟုတ်ပေမဲ့ မပူမပင်နေနိုင်တဲ့သူဌေးသားတစ်ယောက် ဖြစ်သလိုစားသောက်နေရတာအဆင်မပြေမှန်း သိနေပေမဲ့လည်း ငြိမ်းချမ်းဘာမှလုပ်မပေးမိ။

ငြိမ်းချမ်းဖြစ်ချင်တာက ဘုဏ်းမိုရ်တစ်ယောက်အခက်အခဲတွေကိုသည်းမခံနိုင်တော့ပဲ ငြိမ်းချမ်းဆီကနေအမြန်ဆုံးပြန်သွားစေချင်တာတစ်ခုပင်။

" ဒီကစပြီး ရှေ့ကိုဆို ........ သူ့ရဲ့လိုအင်ရှိတာ‌တွေ ....... သိအောင်ကြိုးစားရင်းနဲ့ ကိုယ်ဖြည့်စွမ်းမယ် ........ ဒီကစပြီးရှေ့ကိုဆို ........ သူ့အပေါ် ထာဝစဉ်ငဲ့ညှာမယ် ....... တတ်နိုင်သလောက်ဂရုစိုက်မယ် ......... "

အတွေးတစ်ပိုင်းတစ်စမဆုံးခင်မှာဘဲ ဂစ်တာသံတိုးတိုးနဲ့ စိုင်းထီးဆိုင်ရဲ့သီချင်းကဒီဖက်အထိလွင့်လာသည်။စာသင်ကျောင်းကအခန်းသပ်သပ်ကန့်ထားတာရယ်လို့မရှိ။ဟောလ်ခန်းကြီးကို လိုက်ကာတွေနဲ့အခန်းဖွဲ့ထားခြင်းသာ။

💕 ချစ်သောအမောင်Where stories live. Discover now