✍️ Unicode
" ပျော်စရာကြီးကွာ.......... နော…… "
ကြာဆံဟင်းခါးကိုပါးစပ်နဲ့ပလုတ်ပလောင်းခပ်စားရင်း ပြောလိုက်တဲ့ငတိုးရဲ့အပျော်ရိပ်ကငြိမ်းချမ်းတို့ဆီအထိပါကူးစက်လာသည်။
ဆရာတွေကိုကန်တော့မလို့ဆိုကာရောက်လာကြတဲ့ကလေးတွေကိုဘုဏ်းမိုရ်ကစားစရာတစ်ခုခုချက်ကျွေးချင်တယ်ဆိုတာနဲ့ပဲ ငြိမ်းချမ်းကချက်ချင်းပင် လိုအပ်တာတွေကိုရွာထဲက ဈေးဆိုင်လေးမှာပြေးဝယ်ပြီးကြာဆံဟင်းခါးချက်ခဲ့ခြင်းပင်ဖြစ်သည်။
ငြိမ်းချမ်းတို့ကြာဆံဟင်းခါးချက်ကျွေးမယ်သတင်းကြားလို့ဆိုကာ လူပျိုကြီးကိုသာတုတ်က ကြက်နှစ်ပိဿာလာပေးသွားတာမို့ ကြာဆံဟင်းခါးကပိုသောက်လို့ကောင်းနေသည်ထင်သည်။
ကလေးတွေခေါင်းမဖော်တမ်းစားနေကြတာကိုကြည့်ပြီး ဘုဏ်းမိုရ်ကတော့တော်တော်ပျော်လို့နေပါသည်။
" ကလေးတွေစားနေကြတာကြည့်ရတာ အားရစရာကြီးကိုချမ်းရာနော…… "
ကလေးတွေဆိုတော့ ဟန်ဆောင်ပန်ဆောင်သူလည်းမရှိ။ဒီအထဲမှာမှ တောသူတောင်သားကလေးတွေဆိုတော့ပိုဆိုးသေး။ပွဲလမ်းသဘင်ရှိမှသာစားရတတ်တဲ့အစားအစာမို့ အခုကြုံတုန်းကြာဆံဟင်းခါးကိုတဝလွေးလိုက်မယ်လို့တွေးထားဟန်တူပါရဲ့။
မိုးပြဲဒယ်ကြီးနဲ့တစ်ဒယ်ချက်ထားတဲ့ ကြာဆံဟင်းခါးဟာ ပြိုက်ခနဲကုန်သွားလေပါရော။ဘုဏ်းမိုရ်ကတော့အခုကိုနောက်ထပ်ချက်ကျွေးချင်တယ်လို့လုပ်နေသေးတာ။နောက်တစ်ကြိမ်မှသာကျွေးရတော့အောင်ပါဟလို့ပြောယူရတဲ့အထိ။
စားပြီးသားခွက်တွေပန်းကန်တွေ ချက်ထားတဲ့အိုးတွေခွက်တွေကို လေးတန်းကလေးတွေနဲ့ဆေးကြောရသည်။ပြီးမှ ငှားထားတဲ့အိုးတွေခွက်တွေကို အိမ်တွေကိုပြန်ပို့ခိုင်းတဲ့အခါ ဘာမှပေးလိုက်စရာမရှိတော့လို့ငြိမ်းချမ်းမှာအားနာမိပေမဲ့လည်း ဘယ်လိုမှမတတ်နိုင်။
" ကိုချမ်းရေ........... "
အားလုံးပြီးသွားပြီမို့ ကျောင်းဝင်အဝင်ပေါက်ကကုက္ကိုလ်ပင်ကြီးအောက်မှာထိုင်နားနေတဲ့ ငြိမ်းချမ်းဆီကို လှမ်းခေါ်သံနဲ့အတူ ဘုဏ်းမိုရ်ရောက်လာသည်။ခေါင်းပေါ်မှာတော့ ကလေးတွေကန်တော့ခဲ့တဲ့ဆန်ဇလုံကြီးရွက်လို့။

YOU ARE READING
💕 ချစ်သောအမောင်
Romanceနဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️ yawthawemaung နဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️