💕 Twelve

4K 272 5
                                    

✍️ Unicode

" ဒါဆိုတကယ်သောက်ကြည့်မယ်နော်…… "

ငြိမ်းချမ်းဘက်ကိုလှည့်ကြည့်ပြီးကလေးတစ်ယောက်လိုခွင့်တောင်းနေပြန်တဲ့ ဘုဏ်းမိုရ်ကိုငြိမ်းချမ်းစိတ်မရှည်ချင်တော့။

" သောက်မှာမို့လို့ မင်းရှေ့မှာထန်းရည်ခွက်တောင်ရောက်နေပြီပဲဟာကို… ဘာတွေထပ်ပြောနေရသေးတာလဲ…… "

" ဒါပေမဲ့ မင်းကငါ့ကိုသောက်ပါလို့တောင် တစ်ခွန်းမှမပြောသေးတာကို…… "

" ငါမပြောလည်းမင်းကသောက်မှာပဲမဟုတ်လား…… "

" အာ ကိုချမ်းကမသောက်နဲ့ဆို မသောက်ပါဘူးဗျာ… ဒီထန်းရည်တွေအကုန်‌သွန်ပစ်လိုက်မယ်…… "

ဒီလိုကြတော့လည်း ငြိမ်းချမ်းစိတ်ကမကောင်းပြန်။ကပ္ပိယကြီးကိုယ်တိုင်က ထန်းရည်မသောက်ဖူးဘူးဆိုတဲ့ဘုဏ်းမိုရ်ကိုထန်းရည်သောက်ဖူးစေချင်လို့ဆိုပြီးလာပို့သွားတဲ့ထန်းရည်အိုး။

ဒီထန်းရည်အိုးကိုသွန်ပစ်ဖို့လုပ်နေတဲ့ဘုဏ်းမိုရ်လက်ကို ငြိမ်းချမ်းလှမ်းဖမ်းထားလိုက်သည်။

" သောက်ရမှာလား… "

ငြိမ်းချမ်းခေါင်းညိတ်ပြလိုက်သည်။

" ဟင့်အင်းမရဘူး… ပါးစပ်ကပြော… "

ကလေးတစ်ယောက်လိုညစ်နေတဲ့ဘုဏ်းမိုရ်က ငြိမ်းချမ်းကိုစော်ကားဖူးသူသာမဟုတ်ခဲ့ရင် ဘယ်လောက်တောင်ချစ်စရာကောင်းနေခဲ့လိမ့်မလဲ။အခုတော့ .... ။ငြိမ်းချမ်းသက်ပြင်းတို့ကိုအသာခိုးချမိပြန်သည်။

" ကဲ သောက်စေ… သောက်စေ… "

လက်ခနဲဖြစ်သွားတဲ့မျက်လုံးလေးတွေနဲ့ ပျော်ရွှင်သွားတဲ့ဘုဏ်းမိုရ်က ပီဘိကလေးလေးတစ်ယောက်လို။ထန်းရည်အိုးထဲကထန်း‌ရည်ကိုအုန်းမှုတ်ခွက်နဲ့ခပ်ယူပြီး နှာခေါင်းနားတေ့အနံ့ခံနေတဲ့ပုံစံကလည်းရယ်ချင်စရာ။

ဟိုတစ်နေ့ဘုန်းကြီးကျောင်းကအပြန်ခွင့်တောင်းတုန်းကစ ငြိမ်းချမ်းအင်းမလုပ်အဲမလုပ်နေခဲ့ပေမဲ့ အတင်းရောဇွတ်ရောထန်းရည်သောက်ကြည့်ချင်နေတဲ့ ဘုဏ်းမိုရ်ကိုမသောက်နဲ့လို့တားရလောက်အောင်အထိ ငြိမ်းချမ်းအသဲမမာနိုင်ပြန်။

💕 ချစ်သောအမောင်Where stories live. Discover now