💕 Twenty-five

3.6K 230 16
                                        

✍️ Unicode

" ဝေး...............….......................... "

စပါးခင်းတွေဆီလာတဲ့ ကျေးအုပ်ကိုမောင်းထုတ်တဲ့ဘုဏ်းမိုရ်နဲ့ ကလေးတွေရဲ့အသံက မမြတ်သူသူနဲ့ငြိမ်းချမ်းတို့မြေပဲပေါင်းထိုးနေတဲ့ဆီအထိလွင့်ပျံလာသည်။

ရွှေဝါရောင်ဝင်းနေပြီဖြစ်တဲ့ မကြာခင်ရိတ်သိမ်းရတော့မဲ့ စပါးခင်းတွေကြားမှာ ဘုဏ်းမိုရ်နဲ့ကလေးတစ်သိုက် လယ်ပုဇွန်လုံးနှိုက်ရင်းပျော်နေကြသည်။

တကယ်တော့ဘုဏ်းမိုရ်ကလယ်ပုဇွန်လုံးကိုနှိုက်ရဲတာမဟုတ်ပါ။ပုဇွန်လုံးရဲ့လက်မနဲ့အညှပ်ခံရမှာကြောက်တယ်ဆိုပြီး ကလေးတွေလယ်ပုဇွန်လုံးနှိုက်တဲ့နောက်ကို အပျော်လျှောက်လိုက်နေခြင်းသာ။မလိုက်ပါနဲ့ဆိုလည်းမရ။

" ငါ… ကိုတာတုတ်နဲ့ လက်ထပ်တော့မယ်… "

" ဘာ....... "

ငြိမ်းချမ်းအနားကိုရုတ်တရက်ရောက်လာကာ ဆိုင်းမဆင့်ဗုံမဆင့်ပြောလိုက်တဲ့ မမြတ်သူသူစကားကြောင့် ငြိမ်းချမ်းတအံ့တဩနဲ့အော်မိသွားသည်။

မြေပဲစိုက်ခင်းအစပ်ကသစ်ခြောက်ပင်ကြီးမှာနားနေကြတဲ့ ငှက်တစ်အုပ်တောင်ငြိမ်းချမ်းအသံကိုလန့်သွားကြသည်ထင်သည်။အေးအေးဆေးဆေးနားနေကြရာက ရုတ်တရက်ထပျံသွားကြသည်။

" နင်ကလည်း အော်လိုက်တာ… "

" အော်တာပေါ့ဟ… နင့်ဟာကလည်း ဘာသံမကြားညာသံမကြားဘဲ ဆိုင်းမဆင့်ဗုံမဆင့် ရုတ်တရက်ကြီးကိုး… "

ငြိမ်းချမ်းရဲ့စကားအဆုံးမှာ မမြတ်သူသူကရှက်သလိုပြုံးလိုက်ရင်း မြေပဲပေါင်းထိုးတဲ့တူရွင်းပြားလေးကိုမြေကြီးထဲစိုက်ထောင်လိုက်ပြီး ငြိမ်းချမ်းအနားကိုလာထိုင်သည်။

အနောက်တောင်တန်းဆီမှာမေးတင်စပြုနေပြီဖြစ်တဲ့ နေမင်းကြီးဆီကလိမ္မော်ရောင်တွေနဲ့အတူ မမြတ်သူသူမျက်နှာကရှက်သွေးတွေဖြာကျလို့နေသည်။

မျဉ်းပြိုင်တွေလိုဖြစ်နေတဲ့ မြေပဲပင်အတန်းလိုက်တွေကြားထဲမှာ နှစ်ယောက်သားထိုင်နေကြတာမို့ စိမ်းစိမ်းစိုစိုမြင်ကွင်းတွေကြားမှာ မမြတ်သူသူကပိုကြည့်လို့လှနေပြန်သည်။

💕 ချစ်သောအမောင်Where stories live. Discover now