💕 Five

6.5K 360 10
                                    

✍️ Unicode

" အား............ "

မခင်မေအသံကိုနားထောင်ရတာနဲ့တင် ငြိမ်းချမ်းကြက်သီးထမိသည်။ဗိုက်ကိုနှိပ်ပြီးအော်နေတဲ့ မခင်မေရဲ့နာကျင်မှုကငြိမ်းချမ်းဆီကိုပါကူးစက်လာသလားမသိ။ငြိမ်းချမ်းတောင်ဗိုက်အောင့်ချင်လာသလိုလို။

" လုပ်ပါဦး ဆရာလေးငြိမ်းချမ်းရာ… ကူညီစမ်းပါဦး… ဆရာတော်ကကျောင်းမှာမရှိလို့ပါ… "

မခင်မေယောက်ျားကိုဖိုးတာကငြိမ်းချမ်းလက်ကိုကိုင်လှုပ်ရင်းအကူအညီတောင်းနေပေမဲ့ ငြိမ်းချမ်းဘယ်လိုလုပ်ရမလဲမသိ။

ညကြီးမင်းကြီးအိပ်လို့ကောင်းနေတုန်း မခင်မေယောက်ျား ကိုဖိုးတာကအရေးတကြီးလာနှိုးပြီးအကူအညီတောင်းတာမို့ ငြိမ်းချမ်းကောဘုဏ်းမိုရ်ပါ ကိုဖိုးတာတို့အိမ်ကိုလိုက်လာခဲ့ကြရခြင်းဖြစ်သည်။

ကိုဖိုးတာတို့အိမ်ကိုရောက်တော့မှ မခင်မေဗိုက်အရမ်းအောင့်နေတာမို့ ဆရာတော်ကျောင်းကရေမန်းတိုက်ချင်တာကို ရေမန်းအယူသွားခိုင်းချင်လို့လာခေါ်တာမှန်းသိကြရတဲ့အဖြစ်။

ဘုဏ်းမိုရ်ကဆေးတွေဘာတွေမတိုက်ဘူးလားမေးတော့ ကိုဖိုးတာကမြန်မာဆေးတိုက်ထားတယ်တဲ့။

အင်္ဂလိပ်ဆေးတွေဘာတွေမတိုက်ဘူးလားလို့ဆက်မေးနေတဲ့ ဘုဏ်းမိုရ်ရဲ့လက်ကိုမသိမသာအသာတို့ရင်း ငါတို့ရွာမှာအင်္ဂလိပ်ဆေးထိုးတဲ့ဆရာ၊ဆရာမမရှိဘူးလေလို့တိုးတိုးလေးကပ်ပြောလိုက်ရသေး။

ကိုဖိုးတာကတော့စိတ်မကောင်းဟန်အပြည့်နဲ့ခေါင်းကိုသာအသာယမ်းပြရင်း ပါးစပ်ကတော့ဘာမှပြန်မဖြေ။

အခုကျွန်တော်တို့ကဘာလုပ်ပေးရမလဲ ကိုဖိုးတာဆိုတော့မှ ဆရာတော်ကျောင်းကဆရာတော်ရဲ့ရေမန်းကိုယူပေးစေချင်တာတဲ့။

ဆရာတော်ကကောဆိုတော့ တခြားရွာကအသုဘရှူပင့်လို့ညကျိန်းကြွတော်မူတယ်တဲ့လေ။

" တွားယူပေးမယ်မလား ဆရာလေးငြိမ်းချမ်း… ဘာပဲဖြစ်ဖြစ် ဆရာလေးငြိမ်းချမ်းကဆရာတော်နဲ့အတူတူနေလာတာဆိုတော့ ရေမန်းဘူးကိုဆရာတော်ဘယ်နားမှာထားတတ်တယ်ဆိုတာတိနေမှာ…… "

💕 ချစ်သောအမောင်Where stories live. Discover now