" ငါရော ဘယ်လိုခေါ်ရင်ကောင်းမလဲဟင် "
မျက်နှာမှာရှက်သွေးဖြာရင်း ဘာပြောရမယ်မှန်းမသိ ပြောချင်ရာပြောနေတဲ့မမြတ်သူသူကိုကြည့်ပြီးငြိမ်းချမ်းရယ်ချင်နေမိပြန်သည်။
ရွာထဲကစာမတတ်တဲ့လူကြီးတွေကို အ သုံးလုံးသင်တန်း စာသင်ကြမယ်ဆိုတော့ ရွာထဲကစာရေးတတ်ဖတ်သူတွေကိုအကူအညီတောင်းတဲ့အခါ မမြတ်သူသူရောပါလာသည်။
စာသင်ကူရမှာထက် ဘုဏ်းမိုရ်နဲ့နေ့တိုင်းတွေ့ရမှာကိုပျော်နေတဲ့မမြတ်သူသူက ဘုဏ်းမိုရ်ကိုဘယ်လိုခေါ်ရင်ကောင်းမလဲတွေးကာရင်ခုန်နေပုံရသည်။
" ဟဲ့ ဆရာလေးလို့ခေါ်ရင်ကောင်းမလား၊ မောင်လေးလို့ခေါ်ရင်ကောင်းမလား၊ ပြောစမ်းပါဦးဟဲ့ငြိမ်းချမ်းရဲ့ "
" အာ… ကျွန်တော့်ကိုငြိမ်းချမ်းလို့ခေါ်သလိုပဲ ဘုဏ်းမိုရ်လို့ခေါ်လိုက်ရင်ပြီးနေတဲ့ဟာကို "
" ဘုဏ်းမိုရ်ဆိုပြီး ခေါ်လို့ဘယ်ကောင်းမလဲဟဲ့၊ ဆရာလေးဆိုလည်းဆရာလေး မောင်လေးဆိုလည်းမောင်လေးပေါ့ "
" ဒါဆိုလည်း မောင်လေးဆရာဘုဏ်းမိုရ်လို့ခေါ်လိုက် "
" ဒေါက်… "
ခေါင်းပေါ်မှာပူခနဲဖြစ်သွားသည်။မမြတ်သူသူလက်သံကပြင်းလှတာမို့ ခေါင်းပေါ်မှာဘုထွက်လာသလားအထင်နဲ့ ငြိမ်းချမ်းကိုယ့်ခေါင်းကိုစမ်းကြည့်ရသေးသည်။
" အား နာတယ်ဗျ… ဒီမှာပန်းတွေကကိုင်ထားရသေးတာ မမြင်ဘူးလားလို့ "
" နင်ကဘာလို့ငါ့ကိုလျှောက်ပြောနေတလဲဟဲ့ တေနာရဲ့ "
ဒီနေ့ကဝါခေါင်လပြည့်မေတ္တာအခါတော်နေ့။ရွာမှာကလပြည့်လကွယ်ညတိုင်းဆီမီးကမ်းပန်းကမ်းလုပ်နေကြ။
ဆီမီးကမ်းပန်းကမ်းတယ်ဆိုတာက တစ်ယောက်ကနေတစ်ယောက်လက်ကိုဆီးမီးတစ်လှည့်ပန်းတစ်လှည့်ကမ်းရင်း မြတ်စွာဘုရားဆီအထိလက်ဆင့်ကမ်းပူဇော်ကြတာ။
အဓိပ္ပါယ်ကတော့ မြတ်စွာဘုရားမှာပူဇော်တဲ့ ဆီမီးတိုင်းပန်းတိုင်းကို လူတိုင်းကလက်နဲ့ထိပြီး ကပ်လှူပူဇော်ကြတယ်ဆိုတဲ့သဘောပါပဲ။
YOU ARE READING
💕 ချစ်သောအမောင်
Romanceနဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️ yawthawemaung နဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️
