" ပျော်စရာကြီးနော်…… "
" ဘာပျော်နေတာလဲ ကိုယ့်စာကိုယ်တော့ရအောင်မကြည့်ဘူး၊ ဆရာလေးကစာမေးရင် ငါတို့လာမေးလိုက်၊ ငါတို့ထဲကကူးချလိုက်နဲ့ ဒင်းက… "
လူပျိုကြီးကိုသာတုတ်ရော အပျိုကြီးနှစ်ယောက်ဖြစ်တဲ့ မအေးမြကော မမိသာကောသေစာရှင်စာလောက်ရေးတတ်ဖတ်တတ်ပေမဲ့ သေသေချာချာစာမတတ်ကြပါ။
ဒါ့ကြောင့်သူတို့သုံးယောက်ပါ ညစာသင်တဲ့ အ သုံးလုံးသင်တန်းကျောင်းကို ကျောင်းလာတက်ကြခြင်းပင်။ပြောမနာဆိုမနာမောင်နှစ်မတွေလိုဖြစ်နေတဲ့ သူတို့သုံးယောက်က စားပွဲတစ်ဝိုင်းထဲမှာထိုင်ကြပေမဲ့ သိပ်တည့်ကြတာတော့မဟုတ်။
ခေါင်းခေါက်လိုက်ကြ၊ဗိုက်ကြောလိမ်ဆွဲလိုက်ကြ၊ဆူကြငေါက်ကြနဲ့ အသံထွက်လာပြီဆိုရင်သူတို့ဝိုင်းက။ဘယ်လိုပဲလုပ်ကြလုပ်ကြခံရသူကတစ်ယောက်တည်း။ဒါကတော့ ဘယ်တော့မှမပြောင်းလဲမဲ့ လူပျိုကြီးကိုသာတုတ်သာ။
အပျိုကြီးနှစ်ယောက်ဘယ်လိုလုပ်လုပ် အပြုံးမပျက်တတ်။ခေါင်းပွတ်ရင်း၊ဗိုက်ပွတ်ရင်း ပါးစပ်ကလည်းပြန်ပြောရင်းပင်။သူတို့ဝိုင်းကိုကြည့်ရတာပျော်စရာပင်ကောင်းသေးတော့။
အခုလည်းသူတို့ဝိုင်းကပင် လူပျိုကြီးကိုသာတုတ်ကိုဆူငေါက်သံက ဆူဆူညံညံထွက်လို့နေပြန်သည်။
" စာကြည့်ပါတယ်ဟာ၊ အတက်ကြီးမှစာတင်ရတာဆိုတော့ ကလေးလေးတွေလိုချက်ချင်းဘယ်ရပါ့မလဲဟ "
လူပျိုကြီးကိုသာတုတ်အသံကတော့ခပ်အေးအေး။
" နင်ကိုကအတာ၊ ဟိုဘက်ကအမေပုတို့များ နင့်လောက်မပြောရဘူး "
" နင်တို့ကိုက လွန်တာပါဟာ၊ နင်တို့နှစ်ယောက်နဲ့တော့ ငါ့ခေါင်းလည်းပူထူနေပြီးပြီ။ ဒါတင်မကဘူး၊ ဗိုက်ကြောတွေလည်းပြတ်တော့မလားမတိဘူး "
" လျှာရှည်လိုက်တာ၊ ဗိုက်ကြောတွေပြတ်ရအောင် နင်ကဗိုက်ကြီးတယ်မို့လို့လား ကလေးမွေးရမှာမို့လို့လားဟင် "
" အား လား လား ဟ "
မအေးမြနဲ့မမိသာ အပျိုကြီးနှစ်ယောက်ကပါးစပ်ကပြောလည်းပြော လက်ကလည်းခေါင်းခေါက်သူခေါက် ဗိုက်ကြောဆွဲသူဆွဲနဲ့မို့ လူပျိုကြီးကိုသာတုတ်ခမျာလည်း မသက်သာလှပါ။
YOU ARE READING
💕 ချစ်သောအမောင်
Romanceနဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️ yawthawemaung နဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️
