💕 Twenty-nine

3.1K 184 8
                                    

✍️ Unicode

" ရပြီ…… "

ဓာတ်ပုံအရိုက်ခံနေတဲ့ ထွေးမနဲ့ မိသေးရဲ့အပြုံးက ဝိုင်းကြည့်နေကြသူတွေအထိပါကူးစက်လာစေသည်။ဘာသာရပ်စွမ်းရည်ပြိုင်ပွဲမှာ မြန်မာစာပထမဆုရတဲ့မိသေးနဲ့ သင်္ချာဒုတိယဆုရတဲ့ထွေးမတို့ရဲ့ဝမ်းသာပျော်ရွှင်မှုနဲ့ထပ်တူ ဆရာတွေဖြစ်တဲ့ငြိမ်းချမ်းနဲ့ဘုဏ်းမိုရ်တို့ပါပျော်ရွှင်ကြရသည်။

" လေးတန်းစာမေးပွဲတွေကြရင်လည်း အမောင်တို့ရွာက ပ ဒု တ ထဲဝင်မှာပဲ…… "

" ကိုယ့်ကိုယ်ကိုအထင်တွေကြီးနေပြန်ပါပြီ…… "

" မယုံရင်စောင့်ကြည့်ပါချစ်သောရ… တကယ်ပြောတာပါ… ချစ်သောကောအမောင်ပါစာအတူတူသင်နေကြတာ ကိုယ့်ကလေးတွေအခြေအနေကိုယ်သိနေတာပဲကို…… "

ဟုတ်တော့ဟုတ်ပါသည်။လေးတန်းကိုချစ်သောတစ်ယောက်တည်းသင်ရတာပင်ပန်းတယ်ဆိုပြီး ဘုဏ်းမိုရ်ပါဝင်ကူပေးတာမို့ နှစ်ယောက်သား သက်သက်သာသာနဲ့အာရုံစိုက်သင်နိုင်ခဲ့ကြသည်။

အခုလည်း လေးတန်းကလေးတွေစာမေးပွဲက တစတစနဲ့နီးလာပြီမို့ လူကြီးတွေကိုစာသင်ပေးနေတဲ့ အ သုံးလုံးညကျောင်းကိုခဏနားကာ ကလေးတွေကိုပဲဖိဖိစီးစီးလုပ်ပေးနေမိကြသည်။

ငြိမ်းချမ်းနဲ့ဘုဏ်းမိုရ်ကကြိုးစားတဲ့အခါ ရွာကပါမနေနိုင်တော့ဘဲ ငြိမ်းချမ်းနဲ့ဘုဏ်းမိုရ်အတွက်စားရေးသောက်ရေးကိုတာဝန်ယူပေးကြတာမို့ ငြိမ်းချမ်းတို့နှစ်ယောက်သားအိမ်မှာချက်မစားကြရတော့။

မနက်စောစောနဲ့နေ့လည်စာကိုဘုန်းကြီးကျောင်းမှာစားပြီး ညစာကိုတော့ရွာထဲအိမ်တွေက တစ်လှည့်စီကျွေးကြတာမို့ ငြိမ်းချမ်းတို့နှစ်ယောက် အိမ်လဲလည်ရ ဗိုက်လည်းဝ ဆိုသလိုအဆင်ကိုပြေလို့။

" ကဲ ရွာကိုပြန်ကြမယ်ဟေ့… အားလုံးလှည်းပေါ်ကိုတက်ကြမယ်…… "

အားလုံးပေါင်းလှည်းကသုံးစီး။ငြိမ်းချမ်းတို့နှစ်ယောက်နဲ့ထွေးမ၊မိသေးတို့ကတစ်စီး။ထမင်းချက်ကျွေးဖို့လိုက်လာတဲ့မိဘတွေကတစ်စီး။ပစ္စည်းပစ္စယဝန်စည်စလှယ်တွေတင်ထားတာကတစ်စီး။ငြိမ်းချမ်းတို့လှည်းကရှေ့ဆုံးက။ကိုသာတုတ်ကဆုတွေရတာသိသိချင်း ဝမ်းသာအားရနဲ့ ရွာကိုကြိုပြောဖို့ မနက်ကစပြန်သွားတာမို့ ငြိမ်းချမ်းတို့နွားလှည်းကိုမောင်းသူကငြိမ်းချမ်းကိုယ်တိုင်။

💕 ချစ်သောအမောင်Where stories live. Discover now