💕 Six

5.6K 341 4
                                    

✍️ Unicode

" ကဲ.... ငါခိုင်းတဲ့အတိုင်းတာလုပ်စမ်း…… "

ငြိမ်းချမ်းနဲ့သက်တူရွယ်တူပေမဲ့ ငယ်ငယ်ကစအနိုင်ခံလာရတဲ့ ငြိမ်းချမ်းကသူကြီးသူမီးမမြတ်သူသူကိုမလွန်ဆန်ရဲ။မလွန်ဆန်ရဲတာထက် မလွန်ဆန်ချင်တာဆိုရင်ပိုမှန်လေမလား။

အကူအညီတောင်းလာသူတိုင်းကို အဆင်ပြေသွားစေချင်တဲ့စိတ်က အားနာစိတ်လား သဘောကောင်းတာလား အခုချိန်ထိငြိမ်းချမ်းမခွဲခြားနိုင်သေး။

" အေးပါ… ပေးတာကတော့ငါပေးလိုက်နိုင်ပါတယ်… ဘုဏ်းမိုရ်ကယူမယူတော့ ....... "

" လျှာမရှည်နဲ့… မယူရင်ယူအောင်ပေးပေး…… "

လက်ထဲကပုဆိုးကိုကြည့်ရင်းငြိမ်းချမ်းစိတ်ရှုပ်နေမိတာကတော့အမှန်။သူကြီးကအိမ်ကိုခဏလာခဲ့ပါဦးလို့မှာလိုက်တယ်ဆိုတဲ့စကားကိုငြိမ်းချမ်းမငြင်းရဲ။ငြင်းလဲမငြင်းရက်။

သူကြီးကတော့ အဲလောက်မဟုတ်ပေမဲ့သူကြီးကတော်ရဲ့ကျေးဇူးကငြိမ်းချမ်းအပေါ်ကြီးမားသည်ဆိုရမည်။

ဆရာတော်ကိုအရမ်းရိုသေတဲ့သူကြီးက‌တော်က ဆရာတော်မွေးစားတဲ့ငြိမ်းချမ်းကိုမိဘနဲ့မခြားချစ်ပေးထားခဲ့တာဟာ ဆုံးမသွားခင်အချိန်အထိ။

ငြိမ်းချမ်းလိုအပ်သမျှတွေကိုလည်း ငြိမ်းချမ်းထက်အသက်နှစ်နှစ်လောက်ကြီးတဲ့ မမြတ်သူသူနဲ့တန်းတူနီးပါးဖြည့်ဆည်းပေးခဲ့တာလည်းငြိမ်းချမ်းအသိဆုံး။

" ရော့… ဒါကနင်တို့ဖို့ဟင်းစားပေးတာ… ယူတွားဦး… "

လက်ထဲက အတုံးတုံးပြီးသားကြက်သားတွေထည့်ထားတဲ့ခြင်းကိုလှမ်းပေးရင်း ကျန်လက်တစ်ဖက်မှာလည်း ဟင်းသီးဟင်းရွက်တွေကိုင်ထားတာကအများကြီး။

" အများကြီးပါလား… နေပါစေ… "

" ယူဆိုယူစမ်းပါဟဲ့… လျှာရှည်လိုက်တာ… "

အနိုင်ကျင့်ဗိုလ်ကျတတ်တာမှန်ပေမဲ့ တစ်ဦးတည်းသောသမီးမို့အဖော်မင်ကာ ငြိမ်းချမ်းကိုမောင်လေးအရင်းတစ်ယောက်လိုချစ်တာလည်းငြိမ်းချမ်းအသိဆုံး။

💕 ချစ်သောအမောင်Where stories live. Discover now