✍️ Unicode
" နေရာတကာ တူ့စိတ်ချည်းပဲ…… "
ဒေါ်မြတင်ဆီကထွက်လာတဲ့အသံကို ဘုဏ်းမိုရ်ကဂရုမစိုက်နိုင်သေးဘဲ တဲကလေးပေါ်ကနေအောက်ကိုပြုတ်မကျအောင်သာ သတိထားနေရဟန်တူသည်။
ငြိမ်းချမ်းနဲ့ဘုဏ်းမိုရ်တို့နှစ်ယောက်သားအတူတူနေတဲ့အိမ်ကလေးထက်အနည်းငယ်ပိုသေးဟန်ရှိတဲ့အိမ်ကလေးက မိုးလည်းလုံဟန်မတူ။
မိသေးတို့သားအမိကတစ်ရွာလုံးမှာအဆင်းရဲဆုံးလို့ဆိုတော့လည်း ဒီလိုအခြေအနေကိုငြိမ်းချမ်းအတွက်က ပိုပြီးထူးခြားမနေတော့ပေမဲ့ ဘုဏ်းမိုရ်ကတော့ မြင်ရသမျှအရာရာကိုတအံ့တဩ။
အိမ်အမိုးသက်ကယ်ဝါးကပ်တွေကြားကနေဖောက်ဝင်လာတဲ့အလင်းတန်းတွေက စတိတ်ရှိုးခုံပေါ်က ဆလိုက်မီးတွေအလား။ငြိမ်းချမ်းကြိုက်တယ်ဆိုတဲ့ ရေကပြင်လေးကလည်းခနော်နီခနော်နဲ့။
အဲဒီရေကပြင်လေးမှာ နှစ်ယောက်သားရပ်နေကြရာက ငြိမ်းချမ်ကတော့ဘာမဖြစ်ပေမဲ့ ဘုဏ်းမိုရ်ကတော့ အောက်ကိုပြိုကျမှာစိုးနေတဲ့ဟန်။
" ကျုပ်က နေ့လည်လေးပဲ နွားပွားစားယူထားတဲ့နွားလေးတွေကိုကျောင်းခိုင်းမိတာပါတော်… မနက်ဆိုကျောင်းတွားခိုင်းပါတယ်ရယ်…… "
ကိုယ်ပိုင်နွားမရှိလို့သူများနွားကိုအငှားကျောင်းကာ မွေးလာတဲ့နွားလေးတွေကိုမှတစ်ယောက်တစ်ဝက်ခွဲယူပြီး ဝမ်းစာရှာရတဲ့တပည့်မလေးမိသေးအတွက် ငြိမ်းချမ်းတို့နှစ်ယောက်သား စိတ်မကောင်းဖြစ်နေမိကြပေမဲ့ စကားကိုအဆက်မပြတ်ပြောနေတဲ့မိသေးအမေဒေါ်မြတင်ကတော့ ငြိမ်းချမ်းတို့ကိုအိမ်ထဲကိုဝင်ထိုင်ပါဦးလို့ခေါ်မဲ့ဟန်မရှိ။ခေါ်ရင်လည်းအိမ်ထဲမှာထိုင်စရာနေရာကမရှိ။
" အခုကော ကျွန်တော်တို့တပည့် မိသေးကဘယ်မှာလဲ…… "
အခုချိန်ထိမိသေးကိုမတွေ့ရသေးလို့ ဘုဏ်းမိုရ်ကစိတ်ရှည်ဟန်မတူတော့။မိသေးဆိုတာလေးတန်းကကောင်မလေး။စာအတော်ကြီးမဟုတ်ပေမဲ့ သူများနဲ့တန်းတူတော့လိုက်နိုင်တဲ့ကလေးမလေး။
စာအတော်ကြီးမဟုတ်ဘူးဆိုတာကလည်း အိမ်အလုပ်တွေကူနေရတာကြောင့်ပဲနေမှာ။စာသင်ကျောင်းကိုမနက်ပဲတက်ပြီး နေ့လည်ဆိုမလာတော့တဲ့ ကလေးမလေး။

YOU ARE READING
💕 ချစ်သောအမောင်
Romanceနဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️ yawthawemaung နဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️