" ချစ်တာကိုးလို့… "
" ဒါကလွဲရင်မပြောတတ်တော့ဘူးလား "
" ပြောတတ်သားပဲ "
" ဒါဆိုတခြားစကားပြော "
" ဟင့်အင်း… ချစ်သောနဲ့တွေ့ရင် ဒီစကားပဲပြောချင်နေတော့တာ "
" အ့ဆိုလည်းတစ်ယောက်တည်းပြောနေလိုက်တော့၊ ဟိုမှာနားနေတဲ့သူတွေထိုင်ရာကထကုန်ကြပြီ၊ တလင်းယပ်တော့မှာထင်တယ်၊ ငါတော့သွားပြီ "
" အမောင်တစ်ယောက်တည်းတော့မနေခဲ့ပါဘူး၊ ချစ်သောသွားရင် အမောင်လည်းလိုက်ပြီပဲ "
စကောကိုင်ကာရှေ့ကနေထထွက်လာတဲ့ငြိမ်းချမ်းနောက်ကို ဘုဏ်းမိုရ်လည်းစကောယူကာထလိုက်လာသည်။
" ငြိမ်းချမ်းနဲ့ ဆရာလေးဘုဏ်းမိုရ်နားကြပါဦးလား၊ နေကပူပါဘိတနဲ့ "
" ကျွန်တော်ကတော့မနားပါဘူး နေပူလည်းအရေးမကြီးဘူး အလုပ်လုပ်စရှိပါတယ်၊ ဘုဏ်းမိုရ်တော့နားချင်နားနေခဲ့ "
" ဟင့်အင်း မနားပါဘူး၊ ဒီကလူတွေတောင်နေပူခံနိုင်သေးတာ၊ ကျွန်တော်ကဘာမို့လို့လဲ "
စကောနဲ့ယပ်လက်စ စပါးပုံဘေးမှာ ငြိမ်းချမ်းရပ်လိုက်တော့ ဘုဏ်းမိုရ်ပါဝင်ရပ်သည်။ကျန်တဲ့လူတွေလည်း စပါးပုံဘေးမှာဝိုင်းပြီးရပ်လိုက်ကြသည်။အမှော်တွေ အမှုန်တွေကင်းစင်နေတဲ့ စပါးပုံက နေရောင်အောက်မှာရွှေရောင်တောက်ပလို့နေသည်။
ကိုသာတုတ်က အမှော်တွေအမှုန်တွေရောနှောနေတဲ့ စပါးပုံကနေ စပါးတွေကိုစကောနဲ့သဲ့ယူကာ စကောနဲ့ယပ်ထားပြီးသားစပါးပုံပေါ်သို့ လေဝေ့ချလိုက်သည်။ကိုသာတုတ်ရဲ့စကောထဲကစပါးတွေက လေထဲမှာ စက်ဝိုင်းပုံသဏ္ဍာန်ဖြစ်သွားပြီး ယပ်ပြီးသားစပါးပုံပေါ်ကိုဝဲကျလာသည်။
ယပ်ပြီးသားစပါးပုံက တောင်ပူစာပုံသဏ္ဍာန်ငယ်လိုဖြစ်နေတာမို့ လေးတဲ့စပါးစေ့တွေကအောက်ကိုရောက်သွားကာ မအောင်တဲ့စပါးအဖျင်းစေ့တွေ အမှော်တွေ အမှုန်တွေက စပါးပုံပေါ်မှာကျန်ရစ်သည်။
စပါးပုံအပေါ်ယံမှာကျန်နေခဲ့တဲ့ အမှော်တွေအမှုန်တွေကို စပါးပုံဘေးမှာဝိုင်းရပ်နေကြသူတွေကလက်ထဲမှာကိုင်ထားတဲ့စကောနဲ့ ဘယ်ညာယမ်းကာ လေနဲ့ခတ်ပစ်လိုက်သည်။
YOU ARE READING
💕 ချစ်သောအမောင်
Romansaနဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️ yawthawemaung နဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️
