Part 2🎶

1.1K 122 4
                                    

Zawgyi •°•°•°

တစ်ပတ်ခန့် နားပြီးမှာတော့ ဆရာဝန်က ကောက်ချက်
ချသည်က ခေါင်းထိမှုကြောင့် ဇန်ဒါသည် ပါရမီရှင်အဖြစ်ပြောင်းသွားခဲ့ပြီး အတိတ်တော့ မေ့သွားခဲ့သည်။ ချူဖုန်း အနည်းငယ်တော့ ရီချင်သွားသည်။ ထို့နောက်
မနက်စာ စားပြီးနောက်တော့ မိဘ၂ပါးကို နှုတ်ဆက်လိုက်တော့သည်။ သေချာပေါက် အတိတ်မေ့နေတာကို
အသုံးချကာ အဖေ အမေဟုမခေါ်ခဲ့။ အန်ကယ်ချန်း၊ အန်တီချန်းဟုသာ ခေါ်ခဲ့သည်။

"ကျွန်တော် သွားပါတော့မယ်"

ကားလေးက တဖြည်းဖြည်း ကျောင်းတော်ဆီသို့ ထွက်ခွာလာခဲ့သည်။ တယောကိုလည်းမပါမဖြစ်
သယ်လာခဲ့တော့သည်။ ကားမောင်းသူ ဦးလေးချီက နောက်မှန်ကနေကြည့်လိုက်တော့ အရင်လို ဆံပင်အနီရောင်အရှည်တို့မဟုတ်ပဲ ဆံပင်တိုတိုနဂိုဆံပင်
သစ်အယ်သီးရောင်နဲ့ နုနယ်ကာ ချောမောနေသော
သခင်လေးကို တွေ့လိုက်ရသည်။ သခင်လေးက အရင်ကထက် တည်ငြိမ်ကာ ကြည့်ကောင်းလာတာတော့
အမှန်ပင်။ သို့သော် ပိုလို့ နှုတ်ဆိတ်သွားသည်ကလည်း အမှန်ပင်။

ကျောင်းဂိတ်ရောက်တော့ ချူဖုန်း ကားပေါ်မှဆင်းကာ ကျောပိုးအိတ်အရင်လွယ်ကာ
တယောအိတ်ကို တဖက်ကလွယ်ပြီး ဝင်လာခဲ့တော့သည်။
ဂိတ်တွင် အမြဲတမ်း ဆရာတစ်ယောက်က စောင့်ကာ နောက်ကျသူများ Uniform သေချာမဝတ်သူများကို
စောင့်ကြည့်လေ့ရှိသည်။ ဒီနေ့တွင်တော့
ထိုဆရာက မေးရိုးပင်ကျမတတ် ချူဖုန်းကို
ကြည့်နေလေသည်။ ကျောင်းဂိတ်တွင် ကောင်မလေးအနည်းငယ်နှင့် လူအုံနေသည်။ လူအုပ်ဘေးမှ ချူဖုန်း တိတ်တဆိတ်သာဖြတ်သွားလိုက်သည်။

သတင်းကြားရလောက်တော့ ခါတိုင်းဇန်ဒါက နားကွင်းနှင့်ဆွဲကြိုးတွေကို Idol လိုဝတ်တတ်လေသည်။ Uniform ကိုလည်း စတိုင်ကျအောင် ဝတ်ပြီး လိယန်
အာရုံစွဲဆောင်နိုင်အောင် ဘလင်းဘလင်း
ထအောင် နေတတ်လေသည်။ ဒီနေ့မှာတော့ စံပြ
ကျောင်းသားလို ပြစ်ချက်မရှိ ရှင်းလင်း
ပြေပြစ်နေသော မျက်နှာလေးကို ဖော်ထားလေသည်။ ထို့ပြင် ယခင်က နုဖတ်ဖတ်ပုံစံဆိုလျှင် ယခုတော့
တင်းတင်းစေ့ထားသော နှုတ်ခမ်းနှင့်
မော်နေသော မျက်နှာတို့က အထူးပင် ဆွဲဆောင်
နိုင်လေသည်။ လူအုပ်ကြားထဲ ထင်းထွက်နေသူကိုတော့ ချူဖုန်း တစ်ချက်ကြည့်လိုက်ပြီးနောက်
တွေးမိသည်။ ဩော် ချောသားဟုပင်။ သို့သော် ဒါလောက်ပင်တွေးပြီး ရှေ့ပြန်ကြည့်ကာ
လျှောက်လိုက်တော့သည်။

ချစ်ခြင်းတေးသွား [ချစ်ခြင်း​တေးသွား]Donde viven las historias. Descúbrelo ahora