Zawgyi •°•°•°
ပါတီပွဲမှာ အကိုကျစ်ယန်က နိုင်ငံခြားခရီးစဉ်ထွက်နေရလို့ မလာနိုင်ခဲ့ပေ။ သူပြန်ရောက်လာတဲ့အချိန်မှာတော့ သတင်းတစ်ခုပါလာခဲ့သည်။
"ဒီနောက်ခံက ဇန်ဒါလည်း သိတဲ့သူပဲ"
"ဘယ်သူ"
"ချင်းဖေ"
ဇန်ဒါ တကယ်ကို အံ့ဩရပါသည်။ ချင်းဖေက ဘယ်လိုလုပ် Ent ဘက် လှည့်လာလဲ ဆိုတာ နားမလည်။ ပြီးတော့
ဇန်ဒါ့ကိုတောင် ဖုံးကွယ်ထားသေးသည်။ဇန်ဒါလည်း ကျစ်ယန်ကို ကျေးဇူးတင်ကြောင်း
ပြောပြီးနောက် ဖုန်းချလိုက်တော့သည်။ ထို့နောက် ကားသော့ဆွဲကာ ချင်းဖေအလုပ်ဆီသို့ထွက်ခဲ့သည်။
ထုံးစံအတိုင်း ကောင်တာရောက်တော့ နာမည်ပြောရသေးသည်။ သူက ဖုန်းဆက်ပြီးနောက်မကြာလိုက် ချင်းဖေလက်ထောက်ရောက်လာသည်။"ချန်းသခင်လေးကို လာကြိုတာပါ။ ကျေးဇူးပြုပြီးလိုက်ခဲ့ပေးပါ"
ဓာတ်လှေကားထဲရောက်တော့ ဇန်ဒါက မေးလိုက်သည်။
"ဖေကော အလုပ်များနေတာလား"
"စီးပွားရေးကိစ္စလေးတွေရှိနေလို့ပါ။ ပြီးတော့မှာပါ"
ရုံးခန်းရောက်တော့ သူ့လက်ထောက်က ဆိုဖာမှာ
ခဏလောက်စောင့်ခိုင်းထားသည်။"ဘာသုံးဆောင်ချင်သလဲခင်မျ"
"ရေပဲပေးပါ"
ဇန်ဒါကိုခေါင်းငြိမ့်ပြကာ ရေယူရန်ထွက်သွားလေသည်။ ဇန်ဒါလည်း ပျင်းပျင်းရှိတာနှင့် စားပွဲပေါ်က
ဂျာနယ် ယူဖတ်နေလိုက်သည်။ လက်ထောက်လေးက
ရေခွက်ယူပေးပြီးနောက် နေရာမှထိုင်ကာ အလုပ်ပြန်လုပ်လျက်။ ထိုစဉ် တံခါးပွင့်လာတဲ့အသံကြောင့် ဇန်ဒါကြည့်လိုက်တော့ လိယန်ကို တွေ့လိုက်ရသည်။ ဇန်ဒါလည်း ဂျာနယ်ကိုချကာ လက်ထောက်လေးကို မေးလိုက်သည်။"ကိုယ်ဝင်သွားလို့ရပြီလား"
"ဟုတ် ရပါပြီ"
ထို့နောက် လိယန်ကို ကျော်ကာ အခန်းထဲဝင်သွားလိုက်တော့သည်။ အခန်းထဲရောက်တော့ ချင်းဖေက ဖုန်းပြောနေတာမို့ ဇန်ဒါလည်း ခဏရပ်နေလိုက်သည်။ ဇန်ဒါ့ကိုမြင်တော့ ချင်းဖေက ခဏမျှကြာပြီးနောက် ဖုန်းချလိုက်တော့သည်။
YOU ARE READING
ချစ်ခြင်းတေးသွား [ချစ်ခြင်းတေးသွား]
Romanceဝတ္ထုထဲသို့ကူးပြောင်းလာပြီးနောက် သံစဥ်များနှင့် အတူ အချစ်ကိုစီးမြောလိုက်ပါခြင်း။