Part 9🎶

918 107 4
                                    

Zawgyi •°•°•°

လိယန်အိမ်ပြန်လာတော့ ညစ်ညူးစရာ စကားဝိုင်းက
စောင့်ကြိုနေလေသည်။

"မဖြစ်ဘူး သူ့ကို ထောင်ထဲတော့ မထည့်ပါနဲ့"

"ယွမ်မင်ရှင်း! နင်က ငါ့ညီမဖြစ်ပြီး လိယန်ရဲ့
ဒေါ်လေးပါ။ ဘယ်လိုများ ကိုယ့်တူထက် နင့်ခင်ပွန်း
ဘက်ပါနေရတာလဲ။ နင်...နင် တကယ်ပဲ သွေးသား
တော်စပ်မှုထက် မျိုးရိုးကိုပဲရွေးချယ်တော့မှာလား"

လိယန်ဝင်လာတော့ ဒေါ်လေးက လိယန်လက်ကို ဆွဲကာ

"လိယန်ကို ဒေါ်လေးတောင်းဆိုပါတယ်။ သူ့ကို အမှု
မဖွင်ပါနဲ့နော်။ ဒေါ်လေးအတွက် သူမရှိရင်မရဘူး။
သားဝမ်းကွဲ ရှောင်ရှင်းအတွက် အဖေမရှိလို့မဖြစ်ဘူး"

ယွမ်ဖေဖေက စားပွဲကို လက်ဝါးနှင့်ရိုက်ချကာ

"မင်ရှင်း! နင့်ကို လိုက်လျောတာလည်း တော်ရုံပဲကောင်းတယ်။ နင့်သားအတွက် အဖေမရှိလို့
မဖြစ်ဘူးဆိုတော့ ငါကတော့ ငါ့သားမရှိလည်းရတယ်
ပေါ့။ နင်သိလား နင့်ယောင်္ကျားက လိယန်ကို သေသည်အထိ လုပ်ခဲ့တာ။ ကယ်တဲ့သူသာမရှိခဲ့ရင် အခု နင်ဒီအိမ်မှာ အခုလို တောင်းဆိုနေရတာမဟုတ်ပဲ နင့်တူဈာပနကို တက်နေရတော့မှာ"

ယွမ်ရှောင်ရှင်းလည်း ဒူးထောက်ကာ ငိုယိုရင်း

"တောင်းပန်ပါတယ်။ တကယ်တောင်းပန်ပါတယ်"

လိယန်လည်း ထိုးကိုက်လာတဲ့ ခေါင်းကို အသာ
နှိပ်လိုက်ရင်း

"ကောင်းပြီ ဒါပေမယ့် အပေးအယူတော့ရှိတယ်"

"ဘာ...ဘာလဲဟင်။ ပြောပါ ဒေါ်လေး အကုန်
လိုက်လျောပေးပါ့မယ်"

"သူ့ကို ထောက်ခံပေးထားတဲ့ ယွမ်လုပ်ငန်းတစ်ချို့ရယ်
ရင်းနှီးမြှုပ်နှံမှုတွေရယ် ယွမ်လုပ်ငန်းကဟာတွေ အကုန်ပြန်ထုတ်မယ်ဆိုတာပဲ။ ဒေါ်လေးယောင်္ကျားကို ပြောလိုက်ပါ။ လက်ခံတယ်ဆို အမှုမဖွင့်တော့ဘူးလို့"

လိယန်ထိုမျှသာပြောပြီး အပေါ်တက်လာလိုက်သည်။
ယွမ်ဖေဖေ့အသံကတော့ ဆက်လက်ကြားနေရတုန်းပေ။

"နင်ကလေ တကယ်ကို ငါ့ညီမမဟုတ်တော့ဘူး။ နင့်ကို
ချစ်ပေးခဲ့တဲ့ အဖေ့မျက်နှာမှမထောက်၊ ပြုစု
ပျိုးထောင်ပေးခဲ့တဲ့ ငါ့မျက်နှာမှမထောက်။ နင်တကယ်ကိုပဲ"

ချစ်ခြင်းတေးသွား [ချစ်ခြင်း​တေးသွား]Donde viven las historias. Descúbrelo ahora