Part 4🎶

1K 109 1
                                    

Zawgyi •°•°•°

အိမ်ပြန်ရောက်တော့ အန်တီချန်းကပြောလာသည်။

"တကယ်ပဲ အဆင်ပြေပါ့မလား၊ သားအဆင်မပြေရင်
အမေတို့ မသွားပါဘူး"

ချူဖုန်းက ဘာပြောမှန်းမသိတာမို့ မျက်ခုံးပင့်ကာ

"ဘာကိုလဲ"

နောက်မှ ချူဖုန်းအတွေးပေါက်သွားရတော့သည်။

"အော် လီယွန်တို့ဆီလား၊ တကယ်တော့ သူတို့နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိဖို့ အန်တီချန်းတို့
မျှော်လင့်နေတာသိပါတယ်။ ဘာပဲဖြစ်ဖြစ်
ကျွန်တော်ကလည်း တစ်စိတ်တပိုင်းတော့
ကူညီပေးရမှာပေါ့။ ကျွန်တော့်ကြောင့်
အခွင့်အလမ်းကောင်းတွေ လက်လွှတ်ရမယ်ဆို
မတန်ပါဘူး။ ပြီးတော့ သူနဲ့ကျွန်တော်က ပြီးပြတ်သွားခဲ့ပါပြီ ဒါကြောင့် အခုသူ့မိဘတွေနဲ့
မတွေ့ရဲစရာ မရှိတော့ပါဘူး"

အန်တီချန်းက ချူဖုန်းကို ခပ်တင်းတင်းဖက်ကာ

"အရင်က ပြဿနာရှာတော့လည်း လန့်ရတယ်။
အခုရုတ်တရက်ကြီး သိတတ်သွားတော့လည်း
ရင်နာရပြန်တယ်။ သားက သားပျော်သလိုသာနေပါ။
အမေတို့အတွက် သားပျော်နေရင်ရပြီ"

"ကျွန်တော့်အပျော်တွေက အခုမှစမှာပါ။
ပြီးတော့ တောင်းပန်ပါတယ်"

ချူဖုန်းမျက်နှာကို အောက်ငိုက်ထားလိုက်တော့သည်။
အနည်းဆုံးတော့ သူတို့၂ယောက်မမြင်ရလေအောင်
ပေါ့။ ခင်များတို့သားကို မျှော့တကောင်လို တွယ်ကပ်ပြီး သူ့ဘဝကို ခိုးယူမိလို့တောင်းပန်ပါတယ်။ ဖေဖေချန်းနဲ့ မေမေချန်းကတော့သူတို့သား အရင်ကပြဿနာ
ရှာခဲ့တာအဆွက် တောင်းပန်တယ်လို့ထင်နေမိသည်။

ထို့နောက်တော့ မိသားစု၃ယောက် ခဏလောက်
ပွေ့ဖက်ပြီးနောက်တော့ ချူဖုန်းလည်း အခန်းထဲသို့ ပြန်ခဲ့သည်။ ရေမိုးချိုး ညအိပ်ဝတ်စုံလဲပြီး
နောက်တော့ စာအနည်းငယ်ကြည့်ကာ အိပ်စက်
သွားတော့သည်။

🎶🎶🎶🎶🎶🎶🎶🎶🎶🎶

နောက်နေ့ကျောင်းရောက်တော့ ရှင်းတုနဲ့
ချင်းဖေက ချူဖုန်းကို ဂိတ်မှာစောင့်နေလေသည်။

ချစ်ခြင်းတေးသွား [ချစ်ခြင်း​တေးသွား]Where stories live. Discover now