Part 29 🎶🚨

732 74 0
                                    

Zawgyi •°•°•°

Warning °°°°°°°
အသက် ၁၆ နှစ်နှင့်အထက် ဖတ်ရှူပါနော်။ လိင်ပိုင်းဆိုင်ရာများ ပါဝင်ပါသည်။ •••••••

လိယန် တစ်ချိန်လုံးဖုန်းခေါ်နေပေမယ့် မရခဲ့။ စိတ်ပူတာက်ပိုကာ ချက်ချင်းပြန်ခဲ့တော့သည်။ လေဆိပ်ကနေ ရောက်ရောက်ချင်းမှာပင် ဇန်ဒါ့ကျောင်းကို သွားလိုက်တော့သည်။ ကျောင်းရောက်တော့ အနုပညာဌာနကိုမေးကာာထွက်လာလိုက်သည်။ သို့သော် မြင်လိုက်ရသည်က လိယန်ကို ဓားနဲ့ထိုးလိုက်သလိုပင်။ ကျစ်ယန်က ဇန်ဒါ့ ခါးကိုဖက်ထားခဲ့တာပင်။

"ဇန်ဒါ!"

လိယန်က ချက်ချင်းပင် ကျစ်ယန်လက်ထဲက ဇန်ဒါ့ကို
ဆွဲခေါ်လိုက်တော့သည်။

"ခင်များ တရားလွန်မလာနဲ့!"

"လိယန် ဘာတွေပြောနေတာလဲ။ အကိုကျစ်ယန်က..."

"အသိတောင်မပေးပဲ ချက်ချင်းပြန်သွားတာ ဘာလဲ
ဒီကောင်နဲ့ တွေ့ဖို့လား။ ငါနဲ့နေရတာ စိတ်ကုန်လွန်းလို့ ၂ရက်ကလေးတောင်မနေနိုင်ပဲ ချက်ချင်း ပြန်လာရတယ်ပေါ့"

လူတွေက ဝိုင်းကြည့်နေသည်မို့ ဇန်ဒါရှက်လာသည်။
ကျစ်ယန်ကလည်း ဝင်ပြောလာသည်။

"လိယန် မင်းစကားတွေက လွန်လာပြီ။ ဇန်ဒါ့ကို ဒီလိုတွေစော်ကားမနေနဲ့!"

"ကျုပ်ကောင်လေးနဲ့ကျုပ်ကြား ခင်များဝင်ဝင်မပါပါနဲ့။ ဘာလဲ သူများလူကိုမှ စနိုက်ကြော်ရတာ အရသာရှိနေလား။ မင်းကရော ငါ့နောက်ကွယ်မှာ ပလူးနေရတာ အရမ်းပျော်နေတယ်ပေါ့"

ဇန်ဒါ့လက်တို့ တုန်လာကာ လိယန်ကို တွန်းထုတ်လိုက်တော့သည်။

"ထွက်သွား! ခင်များထွက်သွားတော့!"

ဇန်ဒါ ရုတ်တရက်ထွက်သွားလို့ စိတ်တွေပူပြီးတောက်လျှောက်မအိပ်နိုင်ခဲ့တာကြောင့် မျက်ကျောတွေနီနေခဲ့တဲ့ လိယန်က အခုတော့ကြောက်စရာကောင်းနေခဲ့သည်။

"မင်းကွာ မင်း! မင်း အရမ်းနေနိုင်တယ်။
သွေးအေးလွန်းတယ်"

လိယန်က ဇန်ဒါ့ကို ထားခဲ့ကာ ထွက်သွားတော့သည်။
မိမိက စိတ်ပူနေခဲ့သော်လည်း သူကတော့ ကျစ်ယန်ဆိုတဲ့ကောင်ဆီ အပြေးပြန်သွားခဲ့သည်တဲ့။ ကျစ်ယန်နဲ့တွဲမြင်လိုက်ရတော့ ပင်ပန်းနေတဲ့စိတ်က လောင်စာထည့်လိုက်သလိုအမှားအမှန် မတွေးတော့ပဲ ပေါက်ကွဲလာရတော့သည်။
ဇန်ဒါကတော့ ကျစ်ယန်ကိုကြည့်ကာ

ချစ်ခြင်းတေးသွား [ချစ်ခြင်း​တေးသွား]Onde histórias criam vida. Descubra agora