Part 25 🎶

779 88 1
                                    

Zawgyi •°•°•°

၃ရက်ကြာတဲ့ အထိ ဘာသတင်းမှ မရသေး။ ကယ်ဆယ်ရေးတွေစေလွှတ်သော်လည်း အခေါက်တိုင်း သတင်းမရပဲ ပြန်လာမြဲပင်။ လိယန် ထိခိုက်မှုသတင်းကို အပြင်သို့ ထုတ်မပြောခဲ့ပေ။ အနီးစပ်ဆုံးလူတွေသာသိလေသည်။ ယွမ်အိမ်တွင်လည်း ယွမ် လင်မယား၂ယောက်သာ သိလေသည်။ နေ့တိုင်း မျက်လုံးတွေ မို့အစ်ပြီး ကျောင်းလာနေတဲ့ ဇန်ဒါ့ကြောင့် ပါမောက္ခလည်း လေ့ကျင့်မှုကို လျော့ပေးထားသည်။ ထို ၃ရက်အတွင်း ဇန်ဒါလည်း တော်တော်လေး ချောင်ကျသွားသည်။

ရှင်းတုတို့ကတော့ ဘာမှမဖြစ်လောက်ပါဘူး။ အလောင်းမတွေ့သမျှ မျှော်လင့်ချက်ဆိုတာ ရှိသေးတယ်လို့ပြောကြသည်။

ထို ၃ရက်တာအတွင်း နေ့တိုင်း အချိန်တိုင်း လိယန်ဆီ
စာပို့ခဲ့သည်။

First day >>>

~ဒီနေ့လေ ကျွန်တော် မနက်စာအဖြစ် ရောင်စုံ
ဖက်ထုပ်စားခဲ့တယ်~

~ကားပေါ်ရောက်တော့ ခင်များ မရှိဘူး~

~ဘယ်တော့ ပြန်လာမှာလဲ~

~ကျွန်တော့်လက်ကောက်ဝတ်တွေ နာတယ်~

~နေ့လည်စာ စားမကောင်းဘူး~

~ခင်များ မရှိလို့~

~မြန်မြန်ပြန်လာခဲ့ပါ~

Second day >>>

~မောနင်း ခင်များရော အဆင်ပြေရဲ့လား~

~ အခုကားပေါ်မှာ။ ခင်များ မရှိတော့ ဟာတာတာ~

~ အခု ထမင်းစားနေတယ်။ ထမင်းကစားမကောင်းဘူး။ ကျွန်တော်မကြိုက်တဲ့ ဟင်းတွေချည်း~

~ခင်များရော စားကောင်းတာတွေ စားရရဲ့လား~

~ခင်များ အသက်ရှိသေးရင် စာပြန်စမ်းပါ!~

~မနက်ဖြန်မှ စာမပြန်ရင် ကျွန်တော် မင်နာနဲ့ တွဲလိုက်တော့မှာ~

~ တကယ်တွဲလိုက်မှာ မယုံမရှိနဲ့~

Third day >>>

~မနေ့ကပြောတဲ့ဟာကို စိတ်ထဲ မထားပါနဲ့။ စတာပါ။
စာတော့ပြန်ပါ~

~ဒီနေ့မှ ပြန်မလာရင် ခင်များကို မုန်းပစ်လိုက်မှာ!"

~ဟင့်အင်း မမုန်းပါဘူး။ ပြန်မလာပဲ မနေပါနဲ့"

ချစ်ခြင်းတေးသွား [ချစ်ခြင်း​တေးသွား]Wo Geschichten leben. Entdecke jetzt