Part 17 🎶

850 95 4
                                    

Zawgyi •°•°•°

"တုကော ဘာမှ မလုပ်နဲ့တော့ ကျွန်တော်ပဲ
လုပ်တော့မယ်"

ပိတ်ရက်မှာတော့ ကတိအတိုင်း လိယန်နဲ့ ချင်းဖေကို
ချက်ကျွေးဖို့ အတွက် ရှင်ယတုနှင့် အတူလုပ်နေတာပင်။ သို့သော် သခင်လေးရှင်းတုကား
'ကူသော်ကားကူ၏ သို့သော် အရာမထင်၊ ထိုင်နေကာမှ ကူညီရာရောက်ဦးမည်' ဆိုသကဲ့သို့ပင်
ကြက်သွန်နီနွှာခိုင်းသော်လည်း မျက်ရည်တွေသာကျလာပြီး ကြက်သွန်နီခင်မျာ မုန်တိုင်းတိုက်ထားသလို
လှီးထားလေသည်။ ကြက်သွန်ဖြူလေး ထုပေးပါဆိုတော့လည်း မီးဖိုခန်းထဲက ကြက်သွန်ဖြူကို နောက်မှာထိုင်နေတဲ့ ချင်းဖေခေါင်းတည့်တည့်မှန်အောင် ထုလေသည်။

ဒါဖြင့် ခေါက်ဆွဲဖတ်လေးပဲ ပြုတ်ပေးပါဆိုတော့လည်း ပျော့ပြဲသွားလိုက်တာ အဖတ်ပင်ဆယ်မရတော့။ ဦးလေးမင်မှာလည်း ရင်တထိတ်ထိတ်နှင့် ရှိသမျှ ဘုရားတကာ မီးဖိုချောင်ပြာကျမသွားဖို့သာ ဆုတောင်းနေလေသည်။ ချန်းလင်မယားနှစ်ယောက်ကတော့ မီးဖိုချောင်ဝကနေ "လက်ထိမယ်။ဟဲ့! ဟဲ့! အပူလောင်မယ် ထွက်လာပါတော့"ဆိုတာချည်းအော်နေတော့သည်။ ထိုသို့ကမ္ဘာပျက်နေသည့်ကြားထဲ လိယန်က ထလာကာ သူကူမယ်ဆိုလို့
မုန်ညှင်းရွက်လေးဆေးခိုင်းလိုက်ပါတယ် ဘယ်နှစ်ခါ
ဆေးလိုက်မှန်းပင်မသိ မုန်ညှင်းရွက်က ဘတ်လဘိုင်ပင်
လိုက်သွားတော့သည်။

နောက်ဆုံး ဦးလေးမင်ကိုပဲခေါ်ကာ အကုန်အပြင်မှာ
နေခိုင်းပြီး ထမင်းစားခန်းကိုပါ ပိတ်လိုက်တော့သည်။ ဦးလေးမင်ကိုတော့ ကျောက်ပုစွန်ကိုင်ခိုင်းကာ
ရေနွေးဖျောခိုင်းထားလိုက်သည်။ ထို့နောက် ဝက်ရိုးစွပ်ပြုတ်ကိုမြည်းစမ်းကြည့်ပြီး ဆားအနည်းငယ်
ထည့်လိုက်ပြီးနောက် ခေါက်ဆွဲဖတ်ကို ရေနွေးဆူဆူထဲ ထည့်ပြုတ်လိုက်တော့သည်။ အားလုံးပြီးတော့ ၁၂ နာရီပင်ထိုးတော့မယ်။ ပူအိုက်လာတာနှင့် ဇန်ဒါ အရင်
ရေချိုးလိုက်တော့သည်။ မွှေးကြိုင်နေတဲ့ ဟင်းအနံ့တွေက ဧည့်ခန်းထိ ရောက်လာတာမို့ ဗိုက်ထဲ
ကတောင်အနည်းငယ်ဆာလာသလိုပင်။

ဇန်ဒါထွက်လာတော့ဧည့်ခန်းက သိချင်နေတဲ့ မျက်စိတွေကို မမြင်ချင်ယောင်ဆောင်ကာ လက်သီးဆုပ်သေးသေး
လေးကိုထောင်ပြရင်း

ချစ်ခြင်းတေးသွား [ချစ်ခြင်း​တေးသွား]Where stories live. Discover now