Zawgyi •°•°•°
Warning _ ဤအပိုင်းတွင် ၁၈နှစ်အောက်များ ဖတ်ရန်မသင့်တော်သည့် အကြောင်းအရာများပါဝင်သည်။
"ဒါပေမယ့် ကျွန်မ ဇာတ်ကောင်တွေကို စိတ်တိုင်းမကျဖြစ်နေလို့ပါ"
အခုလည်း ဇန်ဒါအိမ်မက်မက်နေပြန်ပြီ။ မေမေက ဖုန်းနှင့် တဖက်ကလူကိုပြောနေတာပင်။ ဘာတွေပြောနေလဲတော့မသိ ဇာတ်ကောင်ဆိုတာလည်းပါလေသည်။ ထို့နောက် ဇန်ဒါနိုးလာရတော့သည်။ အရင်ဆုံးခံစားမိတာက နွေးထွေးတဲ့ ပွေ့ဖက်မှုတစ်ခုပင်။ ဒီနေ့
ကျောင်းပိတ်ရက်မို့ မနေ့ညက လိယန်ကို ဆေးရုံ
စောင့်ပေးခဲ့တာ သတိရသွားတော့သည်။ဇန်ဒါလည်း လိယန်မနိုးအောင် သူ့လက်မောင်းထဲ
ကနေ အသာလျှိုပြီး ထလို့ မျက်နှာသစ်လိုက်တော့
သည်။ မျက်နှာသစ်ပြီးနောက်တော့ အိပ်မောကျနေတဲ့လိယန်ကို တချက်ကြည့်ကာ အခန်းတံခါး အသာပိတ်လို့
အောက်ထပ်ကိုဆင်းခဲ့တော့သည်။ ထို့နောက် ဆေးရုံအနီးနားလှည့်ပတ်ကြည့်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေ မတွေ့ရပေ။ ဒါနှင့်
ဆေးရုံဆီပြန်လာခဲ့ရတော့သည်။အခန်းဆီပြန်ရောက်တော့ မကြည်မလင်မျက်နှာနှင့် ကုတင်ပေါ် ငုတ်တုတ်ဖြစ်နေသော လိယန်ကို တွေ့ရတော့သည်။ ဇန်ဒါလည်း လိယန်နားသွားကာ နဖူးကိုစမ်းလိုက်ရင်း
"နေလို့မကောင်းဘူးလား"
လိယန်က ဘာမှမပြောပဲ ဇန်ဒါ လည်တိုင်ကြား မျက်နှာအပ်လာတော့သည်။ ထို့နောက် ဇန်ဒါ့လည်တိုင်ကို တတိတိနှင့် စုပ်နေတော့သည်။ အနေရခက်မှုကြောင့် ဇန်ဒါနည်းနည်းတွန်းလိုက်မိသည်။
"မနက်မိုးလင်းတော့ ပေါင်ပေ့က အစအနမကျန်အောင်ပျောက်သွားတယ်။ မနေ့က အိမ်မက်လား ဆိုပြီး
ကိုယ်စိတ်တွေနေလို့မကောင်းဖြစ်နေတာ"လိယန်နိုးလာတော့ ဘေးနားမှာ ဘယ်သူမှမရှိပေ။
တစ်ခန်းလုံးလည်း တိတ်ဆိတ်ပြီး ဘာသံမှမကြားရ။ မမေ့က အတူတူအချိန်ကုန်ခဲ့တာတွေက မနက်ရောက်တော့ အကုန်ပျောက်ကွယ်သွားသည်လေ။ လိယန်အိမ်မက်မက်ခဲ့တာလားဆိုပြီး စိတ်ထဲ နေလို့မကောင်းဖြစ်နေတာပင်။ ထိုစဉ် တံခါးဖွင့်ဝင်လာတဲ့ဇန်ဒါက မနေ့က အင်္ကျီဝတ်ထားတာမြင်မှ လိယန်အတွက် အိမ်မက်မဟုတ်မှန်း သိလာတာပင်။
BINABASA MO ANG
ချစ်ခြင်းတေးသွား [ချစ်ခြင်းတေးသွား]
Romanceဝတ္ထုထဲသို့ကူးပြောင်းလာပြီးနောက် သံစဥ်များနှင့် အတူ အချစ်ကိုစီးမြောလိုက်ပါခြင်း။