Part 40 🎶

600 78 8
                                    

Zawgyi •°•°•°

ပါတီပွဲညနေသို့ရောက်လာလေပြီ။ ဇာတ်လိုက်ဖြစ်သူ
ဇန်ဒါမှာတော့ အခန်းထဲ ချောဆွဲ ခံထားရကာအလှပြင်ပေးခံနေရတော့သည်။ မေမေချန်းက အနားမှာထိုင်ကာ တစ်ခုပြီးတစ်ခုပြောနေကာ စိတ်တိုင်းပင်မကျနိုင်။

"မား တော်လောက်ပါပြီ။ ကျွန်တော်က ယောင်္ကျားလေးလေ အရမ်းလှနေစရာမလိုပါဘူး"

"အလှအပဆိုတာ ကျားမ ခွဲစရာလိုလို့လား။ ဒီနေ့ပွဲမှာ မေ့သားက အချောဆုံးဖြစ်နေရမယ်"

ဆံပင်ဆရာကတော့ ဇန်ဒါ့ ဆံပင်ဖျားနေကို အပြာရောင်
လေးတွေ မှုတ်ပေးလိုက်တော့သည်။ ထို့နောက်
အမြင့်စည်းကာ ကျောက်စိမ်းဆံထိုး ခပ်ရှင်းရှင်းကို ထိုးထားလိုက်တော့သည်။
ရှေ့တွင်တော့ ဆံနွယ်ကိုအစွယ်လေးတွေချထားလိုက်သည်။

ဝတ်စုံကတော့ မေမေချန်း သူငယ်ချင်းဒီဇိုင်နာက ပို့ပေးထားတာပဲဝတ်လိုက်တော့သည်။ ကော်လံက ရှေးခေတ်ဆန်ပြီး ကုတ်နှင့်ဟန်ဖူ နှစ်မျိုးပေါင်းစပ်ထားတဲ့ အဖြူအမည်းဝတ်စုံပင်ဖြစ်သည်။ ခါးတစ်ဝိုက်မှာတော့ သားရေ
ခါးပတ်ပေါ် ရွှေရောင်ကနုတ်တို့ ထွင်းထားပြီး ခါးသွယ်သွယ်တို့ကို ထင်ရှားစေသည်။ အဝတ်အစားလဲပြီး
နောက်တော့ အိမ်တော်ထိန်းက ရှင်းတုတို့
ရောက်နေကြောင်း ပြောလာသည်။

ဇန်ဒါလည်း သူတို့ကို ဝင်ခိုင်းလိုက်တော့သည်။ ရှင်းတုကတော့ ဇန်ဒါ့ကို ပတ်ပတ်လည်ကြည့်ကာ မယုံနိုင်ဖြစ်မေသည်။

"ဒါအငယ်လေးမှ ဟုတ်ရဲ့လား"

ထို့နောက် ဇန်ဒါ့ဆံပင်ဖျားတွေကို ကိုင်လာသည်။

"ဆံပင်ရှည်နဲ့ လှတဲ့ယောင်္ကျား အခုမှပဲ တွေ့ဖူးတယ်"

ချင်းဖေကတော့ ရှင်းတုရဲ့ အငြိမ်မနေတဲ့ လက်ကို
လိုက်ဆွဲနေသည်။ ချင်းဖေနဲ့ ရှင်းတုကတော့ လက်ဆောင်အနေနဲ့ ဇန်ဒါပထမဆုံးလုပ်တဲ့ပွဲမှာ အစစ အရာရာထောက်ပံ့ပေးမယ်လို့ဆိုလာသည်။ ထို့နောက် မေမေချန်းက ကလေး၃ယောက်ကိုခေါ်ကာ အောက်ဆင်းလာခဲ့သည်။
ပါတီမှာ ဇန်ဒါဖျော်ဖြေဖို့ကလည်း ရှိသေးသည်။

မတိုင်ခင် ဗိုက်ဆာလာတာနှင့် မီးဖိုချောင်ထဲ ၃ယောက်သား ခေါင်းချင်ကာ အသားညှပ်ပေါင်မုန့်နှင့် ​ဖျော်ရည်ကို စားသောက်လိုက်ကြသည်။ စားပြီးနောက်တော့ ပွဲအချိန်
လည်းရောက်လေပြီ။ ဇန်ဒါတို့၃ယောက် ခြံထဲသို့ထွက်လာလိုက်သည်။ ရှင်းတုတို့ကို နေရာလိုက်ပို့
ပေးပြီးနောက် အဖိုးတို့ ဝိုင်းမှာထိုင်လိုက်တော့သည်။ မကြာပါ MC က စတင်ပြီး အဖွင့်စကားပြောတော့သည်။ ပြီးနောက် အဖိုးက စင်ပေါ်တက်ကာပြောလာသည်။

ချစ်ခြင်းတေးသွား [ချစ်ခြင်း​တေးသွား]Where stories live. Discover now