Zawgyi •°•°•°
ရှင်းတုက ဇန်ဒါ့ကို ကြည့်ပြီးနောက် လိယန်ကို ထပ်ကြည့်သည်။ ထို့နောက် အနားကပ်ကာ လေသံတိုးတိုးလေးဖြင့်
"ဖွင့်ပြောတာ လက်မခံလို့ ထိုးလိုက်တာလား"
ဇန်ဒါလည်း စိတ်ပျက်လက်ပျက်ဖြင့် ကြည့်ပြီး တဖက်လှည့်သွားတော့သည်။ လိယန်ကတော့ ဇန်ဒါ့ပတ်တီးကိုသာ ကြည့်နေသည်။
"အရမ်းနာနေလား"
"ဆေးသောက်ထားလို့ သက်သာပါတယ်"
"ချုပ်လိုက်ရသေးလား"
"ယောင်ပဲ ယောင်သွားတာ။ ကွဲမသွားဘူး"
"သတိထားပါကွာ။ မင်းက အမြဲ ရှပ်ပြာ ရှပ်ပြာနဲ့"
"သူတို့က..."
ဇန်ဒါလည်း ပြောမကောင်းဘူးထင်တာကြောင့်
ဘာမှဆက်မပြောတော့ပေ။ လိယန်က အခန်းထဲကနေ
ထွက်သွားပြီး ဇန်ဒါကတော့ ဆေးအရှိန်ကြောင့်
အိပ်ချင်လာသည်။ ၁၀မိနစ်ကြာပြီးနောက်တော့ လိယန်က
ရေခဲအိတ်နှင့်အတူ ပြန်ဝင်လာသည်။"ရေခဲကပ်ထားလိုက်"
"ဘယ်ကရတာလဲ"
"အိတ်က ကျောင်းဆေးခန်းက၊ ရေခဲက စားဖိုဆောင်က။
ကပ်ထားလိုက်"ဇန်ဒါလည်း အုပ်ထားတဲ့ ပတ်တီးပေါ်ကနေ ဖြည်းဖြည်းချင်း ရေခဲကို အုပ်နေသည်။ ဆရာချန်ဝင်လာတော့ ဇန်ဒါ့ကိုကြည့်ကာ
"ကျောင်းသားချန်းက ဘာလို့လဲ"
"ချော်လဲပြီး ထိခိုက်ထားလို့ပါ ဆရာ"
ဆရာချန်က ခေါင်းငြိမ့်ကာစာဆက်သင်သည်။ တစ်ရစ်ရစ်နဲ့ကုန်လာတဲ့အချိန်တွေကြား ဇန်ဒါလည်း အရမ်းကို ငိုက်လာသည်။ နေ့လည်စာ မတိုင်ခင်အထိ မနည်း ပြူးပြဲကာ
စာသင်ရလေသည်။ နေ့လည်စာနားတာနှင့် ဇန်ဒါလည်း
ခုံပေါ် မျက်နှာတစ်စောင်းထားပြီး အိပ်တော့သည်။ နေ့လည်စာလည်းမစားနိုင်တော့။ခဏကြာတော့ ဇန်ဒါ့ခေါင်းထိတာခံလိုက်ရလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ လိယန်က ဇန်ဒါ့ခေါင်းကို သူ့ပုခုံးပေါ်မှီစေသည်။ ဇန်ဒါ့ခေါင်းက သူ့လည်တိုင်နှင့်အံကျလျက်။ အရမ်းအိပ်ချင်နေတာမို့ ဇန်ဒါ ဘာမှန်းသေချာမသိလိုက်ပေမယ့် အရင်ထက်ပိုသက်သောင့်
သက်သာရှိသွားတာမို့ တဖက်ရဲ့ ရင်ခွင်ထဲ ပိုတိုးကာ
မှီထားလိုက်ပြီး အိပ်ပျော်သွားတော့သည်။ လိယန်ကတော့ ရင်ခွင်ထဲတိုးလာပြီး သက်သောင့်သက်သာနေရာရှာနေတဲ့ကောင်လေးကိုကြည့်ကာ တစ်ချက်ပြုံးပြီး
နောက် ပြတင်းပေါက်ကနေ အပြင်သာကြည့်နေသည်။

KAMU SEDANG MEMBACA
ချစ်ခြင်းတေးသွား [ချစ်ခြင်းတေးသွား]
Romansaဝတ္ထုထဲသို့ကူးပြောင်းလာပြီးနောက် သံစဥ်များနှင့် အတူ အချစ်ကိုစီးမြောလိုက်ပါခြင်း။