Zawgyi •°•°•°
ညနေအိမ်ပြန်ချိန်မှာတော့ဖြင့် ချူဖုန်းဟာ သားသတ်ရုံကို ဆွဲခေါ်ခံရတဲ့ ယုန်သူငယ်လိုပင်။
"ဟိုလေ ငါနေသိပ်မကောင်းချင်လို့"
ပြောပြီးမလိုက်ပဲ နေလို့ရမယ်ထင်သော်လည်း
အတန်းခေါင်းဆောင်က ကျောင်းဆေးခန်းသွား
မည်ဆိုသောကြောင့် ခြေကန်ငြင်းရပြန်သည်။"ဟိုလေ ဒီနေ့ ငါ့မိဘတွေအိမ်ပြန်လာမယ်တဲ့"
ထိုအခါ အတန်းခေါင်းဆောင်က ချန်းမေမေဆီ
ဖုန်းခေါ်လေသည်မို့ ချူဖုန်း ဖုန်းကိုအမြန်လုရလေသည်။ ခေါင်းငိုက်စိုက်နေတဲ့ ကောင်လေးရဲ့ ဆံပင်
တွေကိုကြည့်ကာ လိယန်ပျော်လာသည်။"ဘာအကြောင်းပြချက်ပေးချင်သေးလဲ"
"မပေးတော့ပါဘူး"
အသံတိုးတိုးနှင့် စိတ်ဓာတ်ကျသလို ထွက်သွားသော
ကောင်လေးကိုကြည့်ရင်း လိယန်ရဲ့စိတ်တို့
တမဟုတ်ချင်း ကြည်လင်သွားရတော့သည်။ကိုယ့်ကားနဲ့ကိုယ်သွားရမှာဆိုပေမယ့် ချူဖုန်းကားက ရောက်မလာပေ။ ထိုစဉ် ဖုန်းလာလို့နားထောင်လိုက်
တော့ဒရိုင်ဘာ ဦးလေးကဆက်တာပင်။"အခုဒီမှာ စစ်ဆေးရေးတွေပိတ်ထားတယ်။ လူသတ်သမား လွတ်နေလို့တဲ့။ သခင်လေး ခဏစောင့်ပေးမလား"
"အာ ဒီနေ့ တခြားကို သွားရမှာလေ။ အာ့တော့
မလာနဲ့တော့နော်။ ကားငှားပြီးပြန်ခဲ့မယ်"ဖုန်းချပြီးနောက် ချူဖုန်း ကားငှားမလို့လုပ်တော့
လိယန်က ချူဖုန်းလက်ကိုဆွဲကာ သူ့ကားထဲ တွန်းထည့်လိုက်တော့သည်။"ငါရှိနေတာတောင် ကားငှားဦးမယ်ပေါ့"
"ခင်များ အလုပ်ရှုပ်နေမှာစိုးလို့"
"အော် အရင်နေ့တွေကလို နေရာတကာဝင်ပါတာကျ
ကောင်းတယ်ပေါ့"ချူဖုန်းဒေါသထွက်ပြီး ပြန်ပြောချင်သော်လည်း ဘာပြောရမှန်းမသိပေ။ သို့နှင့် နှာခေါင်းက ပွစိပွစိဖြစ်ကာ ပါးစပ်က ဟစိဟစိဖြစ်နေလေသည်။
ထိုလူကို မကြည့်ချင်တော့တာမို့ တဖက်ပဲ လှည့်နေလိုက်တော့သည်။
YOU ARE READING
ချစ်ခြင်းတေးသွား [ချစ်ခြင်းတေးသွား]
Romanceဝတ္ထုထဲသို့ကူးပြောင်းလာပြီးနောက် သံစဥ်များနှင့် အတူ အချစ်ကိုစီးမြောလိုက်ပါခြင်း။