Zawgyi •°•°•°
လေဆိပ်တံခါးကနေ ထွက်လာတာနှင့် တုတ်ကောက်နှင့် မတ်မတ်ရပ်ကာ လည်တဆန့်ဆန့်ဖြစ်နေတဲ့ အဖိုးကို တွေ့လိုက်ရသည်။ ဇန်ဒါလည်း ခြေလှမ်းတို့ မြန်လိုက်ပြီး အဖိုးဖြစ်သူရှေ့သွားကာ ပွေ့ဖက်လိုက်တော့သည်။
"နေကောင်းတယ်နော် အဖိုး"
"ငါ့မြေးကြီးက ချောလာလိုက်တာ"
ဖေဖေချန်းဘက်က အဖိုးကတော့ မရှိတော့ပေ။ ဖေဖေခန်းဘက်ကအဖိုးကတော့ သမီးကြီးရဲ့
တစ်ဦးတည်းသောမြေးမို့ ဇန်ဒါ့ကို အချစ်ပို
လေသည်။ မေမေချန်းက မိန်းကလေးမို့ အိမ်တော်စီးပွားရေးမဆက်ခံရပေမယ့် အခုထိ လုပ်ငန်းတွေက ဖိုးဖိုးလက်ထဲမှာပင်။ ဖေဖေချန်းက မာနကြီးသည်။ပြဿနာတွေတက်ပြီးနောက် ဖိုးဖိုးက ဖေဖေချန်းကို သူ့လုပ်ငန်းတွေကူညီပေးဖို့ပြောတာတောင်
လက်မခံခဲ့။ နောက်ဆုံးတော့ ဖိုးဖိုးလည်း သူဌေးတစ်ဦးခန့်ကာ သူ့စီးပွားရေးတွေကို လုပ်ကိုင်စေတော့
သည်။ သို့သော် လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဖိုးဖိုးချန်းလုပ်ငန်းက တစ်ရှိန်ထိုး တိုးတက်လာသည်။ ရင်းနှီးမြှုပ်နှံသူတွေ ပရောဂျက်ပူးပေါင်းရေးတွေကြောင့် အတော်ပင် အမြတ်အစွန်းများလာသည်။လေဆိပ်ကနေ ထွက်လိုက်တာနှင့် ရင်းနှီးခဲ့တဲ့ အငွေ့
အသက်တွေ တဖန်ပြန်လည်ဝင်ရောက်လာခဲ့သည်။
ကားပေါ်တက်လို့ ဖိုးဖိုးတို့အိမ်ဆီထွက်လာခဲ့သည်။ လမ်းတစ်လျှောက်မှာတော့ ဖိုးဖိုးက အလွန်ပျော်ကာ
စကားတွေပြောမဆုံးတော့ပေ။"မြေးရဲ့ကားကို လဲသင့်နေပြီ မထင်ဘူးလား။ ဘွဲ့ရ လက်ဆောင်အနေနဲ့ အဖိုး ပြိုင်ကားဝယ်ပေးမယ် မြေးနဲ့လိုက်ဖက်နဲ့ ငွေမှင်ရောင်လေ"
"ဒီကားလေးကို သံယောဇဉ်တွယ်နေပြီဖိုး"
"အေးပါ မြေးသဘောပါ။ ဒါပေမယ့် နောက်ပိုင်းကျ မြေး အခုထက် ပိုအောင်မြင်လာရင်တော့ ဖိုးပေးတဲ့ကားကို ယူရမယ်။ လူဆိုတာ အခြေအနေနဲ့
လိုက်ဖက်တာ သုံးတတ်ရတယ်""အင်းပါ အဲဒီအခါကျ ယူမယ်လေ"
"ဒါနဲ့ နောက်အပတ်အတွင်း ပါတီလုပ်မှာမို့ပြင်ဆင်ထားကြ"

VOUS LISEZ
ချစ်ခြင်းတေးသွား [ချစ်ခြင်းတေးသွား]
Roman d'amourဝတ္ထုထဲသို့ကူးပြောင်းလာပြီးနောက် သံစဥ်များနှင့် အတူ အချစ်ကိုစီးမြောလိုက်ပါခြင်း။